myaelatt athan

Sharing Information to the Local

သာယာဝတီမှာ ဆိုင်ကယ်နဲ့ ကင်းပတ်နေတဲ့ စစ်အုပ်စု မိုင်းဆွဲခံရ

0
0

ပဲခူး၊ ဒီဇင်ဘာ ၂၀၊ ၂၀၂၂။

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတိမြို့မှာ ဒီဇင်ဘာလ ၁၉ ရက်မနေ့ညက ကင်းလှည့်နေတဲ့ စစ်သားနဲ့ရဲတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီဂဠုန်တပ်ဖွဲ့သတင်းတာဝန်ခံဆီက သိရပါတယ်။ ​

သာယာဝတီမြို့ရန်ကုန်-ပြည်လမ်းမှာရှိတဲ့ တိုးဂိတ်အနီးမှာ အင်အား ၁၂ ဦးလောက်နဲ့ ညကင်းလှည့်နေတဲ့အဖွဲ့ကို မနေ့ည ၉ နာရီခွဲလောက်က လက်လုပ်မိုင်း ၂ လုံးနဲ့တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

“မိုင်းဆွဲပြီးတဲ့အချိန်မှာ စစ်ကောင်စီတွေဘက်က သေနတ်ဖောက်သံတွေအဆက်မပြတ်ထွက်လာတယ်။ သိပ်မကြာဘူး လူနာတင်ကားတွေ သွားတာမြင်လိုက်ရတယ် မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေသေဆုံးနိုင်ခြေရှိသလို ပြင်းထန်ဒဏ်ရာရသူတွေလည်း ရှိနိုင်တယ်”လို့ ဂဠုန်တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

သာယာဝတီမြို့နယ်အတွင်းမှာ စစ်ကောင်စီက တမြို့နယ်လုံးကို လုံခြုံရေးတင်းကြပ်ထားတဲ့အပြင် ပြည်သူလူထုကိုလည်းနည်းမျိုးစုံနဲ့စစ်ဆေးဖမ်းဆီးတာတွေ နေ့စဉ်ဆိုသလို ပြုလုပ်နေတာကြောင့် ပဲခူးတိုင်းနန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

သာယာဝတီဂဠုန်တပ်ဖွဲ့ဟာ မကြာခဏဆိုသလို နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် တိုက်ခိုက်မှုတွေပြုလုပ်နေပြီး ပြီးခဲ့တဲ့နိုဝင်ဘာလ ၂ ရက်ကလည်းပျူစောထီးခေါင်းဆောင်လို့ ဒေသတွင်းသတင်းကြီးသူကြံ့ခိုင်ရေးလွှတ်တော်အမတ်ဟောင်း ဦးမောင်မောင်ရဲ့တပည့် တပ်ထောက်ခံပွဲတွေဦးဆောင်သူ ကိုပိုက်တင်ဆိုသူကိုလည်းသေနတ်နဲ့ပစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။