ပြည်၊ ဖေဖော်ဝါရီ ၂၃၊ ၂၀၂၅။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ထောင်မှာ ထောင်ဝန်ထမ်းတွေနဲ့ နိုင်ငံရေးအကျဉ်းသားတချို့ ပြဿနာဖြစ်ပွားပြီး မိန်းဂျေးကနေ သေနတ်ဖောက်သံတွေ ကြားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖေဖော်ဝါရီ ၂၃ရက် ဒီကနေ့ မနက် ၇နာရီခွဲကျော်မှာ တခြားပြစ်မှုနဲ့ ထောင်ကျနေတဲ့ အကျဉ်းသား ၁ဦးက နိုင်ငံရေးအကျဉ်းသားကို ထိုးကြိတ်ခဲ့ပြီးနောက် ထောင်ဝန်ထမ်းကပါ ထပ်မံရိုက်နှက်ခဲ့ကာ သေနတ်ဖောက်သံတွေလည်း ကြားရတယ်လို့ ဆိုပါတယ်။
“နိုင်ငံရေးအကျဉ်းသားတွေနဲ့ ထောင်ဝန်ထမ်းတွေနဲ့ ပြဿနာဖြစ်တာပေါ့နော်၊ ထောင်ဝန်ထမ်းက (နိုင်ငံရေးအကျဥ်းသားကို) ခုံနဲ့ခေါင်းကို ရိုက်ခွဲတယ်လို့လည်း ကြားတယ်။”လို့ ပြည်မြို့ဒေသခံတဦးက ပြောပါတယ်။
ပစ်ခတ်မှုနဲ့ ရိုက်နှက်မှုတွေကြောင့် ထိခိုက်ဒဏ်ရာရမှု အခြေနေတွေကို မြေလတ်အသံက ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး အခုလက်ရှိမှာတော့ ထောင်တွင်းမှာ ငြိမ်နေတယ်လို့ သိရပါတယ်။