အမ်းက အမျိုးသမီးတဦးကို စစ်ကောင်စီက ကား၂ စီးနဲ့လာဖမ်းသွား

0 3
0 3

မြေလတ်အသံ၊ အောက်တိုဘာ ၁၇၊ ၂၀၂၂။

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ မွှားကျေးရွာအုပ်စု၊ ဟင်းရွက်ကျေးရွာက စားသောက်ကုန်အရောင်းဆိုင်ပိုင်ရှင် အမျိုးသမီးတဦးကို အောက်တိုဘာလ ၁၆ ရက် မနေ့က မနက် ၇ နာရီ လောက်မှာ စစ်ကောင်စီက ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူမှာ ဒေါ်မညို ၄၂ နှစ် ဖြစ်ပြီး၊ သူ့ကို နေအိမ်မှာရှိနေစဉ် စစ်ကောင်စီတပ်သားတွေက အရပ်သားကား ၂ စီးနဲ့ လာရောက်ဖမ်းဆီးကာ အမ်းမြို့ ရဲစခန်းကို ခေါ်ဆောင်သွားခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတဦးက ပြောပါတယ်။

“သူက တယောက်တည်းနေတာ။ အပျိုကြီးပါ။ စားကုန်တွေရောင်းပြီးတော့ စီးပွားရေးလုပ်နေတာ။ သူ့ဇာတိကတော့ ရမ်းဗြဲမြို့နယ်ကပါ။ AAနဲ့လည်း ပတ်သက်တာမရှိဘူး။ အေးအေးဆေးဆေး နေတတ်သူတယောက်ပါ။ သူ့ကိုအပြန်ဆုံးပြန်လွှတ်ပေးပါလို့ တောင်းဆိုချင်ပါတယ်” လို့ ဆိုပါတယ်။

ဒေါ်မညိုကို စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ပြီးနောက် အဆက်အသွယ်လုံးဝမရတော့တာကြောင့်လည်း စိုးရိမ်နေကြရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

အလားတူ ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက် မှာလည်း ဟင်းရွက်ကျေးရွာနဲ့ မိုင်ဝက်သာသာဝေးတဲ့ တလိုင်းတောင်ကျေးရွာက အရပ်သားဆေးဆရာ ဦးအောင်ဆန်းကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသွားခဲ့သေးတယ်လို့ ကျေးရွာဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် အောက်တိုဘာလ ၁၄ ရက် မနက်ပိုင်းမှာလည်း ကဇုကိုင်းကျေးရွာအုပ်စုရဲ့ ULA တိုက်နယ်မှူး ဦးဗြားကြီး (ခ) ဦးမျိုးမြင့်ဇော် ၄၀ နှစ် ကို စစ်ကောင်စီက ပစ်ခတ်ဖမ်းဆီးခဲ့ပြီးနောက် ညနေပိုင်းမှာပဲ သတ်ဖြတ်လိုက်တယ်လို့ မြေပြင်သတင်းရင်းမြစ် တဦးက မြေလတ်အသံကို ပြောဆိုခဲ့ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။