myaelatt athan

Sharing Information to the Local

ရခိုင်မှာ တလအတွင်း အရပ်သား ၂၆ဦးကို စစ်ကောင်စီဖမ်းထား

0
0

မြေလတ်အသံ၊ စက်တင်ဘာ ၂၂၊ ၂၀၂၂။

ယခုစက်တင်ဘာ ၄ရက်နေ့မှ စက်တင်ဘာ ၂၁ ရက်မနေ့ကအထိ ရခိုင်ပြည်နယ်ရှိ၊မင်းပြား၊မြောက်ဦး၊ကျောက်ဖြူ၊တောင်ကုတ်၊ ရမ်းဗြဲမြို့တွေက အရပ်သား ၂၆ယောက်အထိ စစ်ကောင်စီ ဖမ်းဆီးထားတယ်လို့သိရပါတယ်။

စက်တင်ဘာ၂၁ရက်မနေ့က ည၁၁နာရီကျော်အချိန်ခန့်မှာ ရမ်းဗြဲမြို့၊အမှတ် ၃ရပ်ကွက်မှာ နေထိုင်တဲ့ ‌အရပ်သားနှစ်ယောက်ကို စစ်ကောင်စီတွေက ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူတွေက ကိုအောင်လင်းထွန်းနဲ့ ကိုသက်ခန့်ဇော်တို့နှစ်ယောက်ဖြစ်ပြီး သူတို့ကို ဘာကြောင့်ဖမ်းသွားလည်းဆိုတာကို မသိရှိဘူးလို့ မြို့ခံတယောက်က မြေလတ်အသံကိုပြောပါတယ်။

“မနေ့က စစ်သားနဲ့ရဲသားတွေ ‌ကျနော်တို့မြို့ တမြို့လုံးကို ဧည့်စာရင်းဝင်စစ်တယ်။ အရင်က တော့ ဒီလိုတခါမှမစစ်ဘူး။ မနေ့ကတအိမ်မကျန် စစ်တာ။ အဲဒီအချိန်မှာ သူတို့နှစ်ယောက်ကို ဖမ်းသွားခဲ့တာပါ။”လို့ ဆိုပါတယ်။

မနေ့ကမြို့ကိုစစ်ဆေးတဲ့အချိန်မှာ လူငယ်တွေကို အဓိကထားစစ်ဆေး‌ခဲ့လို တချို့လူငယ်တွေဆိုရင် တိမ်း ရှောင်နေရတယ်လို့သိရပါတယ်။

အလားတူစက်တင်ဘာ၂၁ရက်ည‌နေ ၅နာရီအချိန်မှာ မင်းပြားမြို့နယ်၊ နရမ်းခွဆုံအနီးမှာရှိတဲ့ ကားဝပ်ရှော့ဆိုင်က ကို‌အော်ဇော်ဝင်းနဲ့ကိုညီညီတို့ကို စစ်ကောင်စီက ဖမ်းဆီးသွားခဲ့တယ်လို့ မျက်မြင်တယောက်က ပြောပါတယ်။

“စစ်သားတွေက အဲဒီခွဆုံမှာ လုံခြုံရေးယူထားတာ။ အဲဒီအချိန်မှာ သူတို့နှစ်ယောက်က ကားနဲ့ မင်းပြားဖက်ကိုသွားတဲ့အခါ ရပ်ခိုင်းပြီးတော့ ဖမ်းသွားတာ။ဘာဖြစ်လို့ဖမ်းလည်းတော့မသိဘူး”လို့ဆိုပါတယ်။

ထို့အတူ စစ်ကောင်စီက နရမ်းခွဆုံနဲ့ ခေါင်း လောင်းကျေးရွာရှိ ကားလမ်းမပေါ်မှာ လုံခြုံရေး အများအပြားချကာ လမ်းသွားလမ်းလာတွေကို စစ်ဆေးမှုတွေပြုလုပ်နေလို့ ကျေးရွာသားတချို့ ကြောင်လန့်ပြီးတော့ တိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။

စက်တင်ဘာ၂၀ရက်‌နေ့ကလည်း မင်းပြားမြို့ နယ်၊တောင်ရှည်ကျေးရွာက ကိုထွန်းအေးခိုင် ၂၅နှစ်၊စက်တင်ဘာ ၁၉ရက် ညအချိန်မှာလည်းပြည်တော်လှရပ်ကွက် က ဦးညီညီ ၄၀‌ကျော်ခန့်နဲ့ပြည်တော်သာရပ်ကွက် က ဦးမောင်မောင် ၃၀နှစ်တို့ကို စစ်ကောင်စီကဖမ်းဆီး သွားခဲ့တယ်ပါတယ်။

ထို့အတူစက်တင်ဘာ ၂၀ရက်နေ့ကလည်း မြောက်ဦးမြို့၊လက်ကောက်ဈေးရပ်ကွက်နေ သတင်းထောက်ဟောင်း ကိုဖိုးသီဟနဲ့ စက်တင် ဘာ၄ရက်‌နေ့တွင် ကိုကျော်ဇံဝေ(ခ)ရင်ဆို့ကို စစ်ကောင်စီရဲတွေက အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးသွားခဲ့ပါတယ်။အခု‌တော့ ကိုကျော်ဇံဝေကို NUG၊CRPHတို့နဲ့ဆက်စပ်လုပ်တယ်လို့ဆိုပြီး တော့ အမှုဖွင့်တရားစွဲဆိုထားပါတယ်။

အလားတူ စက်တင်ဘာ ၁၀ရက် နံနက် ၉နာရီကျော်အချိန်ခန့်မှာလည်း မင်းပြားမြို့နယ်၊ရာမောင်တံ တားအနီးမှာ ဆိုင်ကယ်စီးလာတဲ့ ဒေ သခံ ၂ယောက်ကို စစ်ကောင်စီက သေနတ်ပစ် ခတ်ကာ ဖမ်းဆီးသွားခဲ့ပြီး အခုအချိန်ထိ ပြန်မလွတ်ပေးသေးဘူးလို့ သိရပါတယ်။

စက်တင်ဘာ ၆ ရက် ညနေ ၉ နာရီကျော်အချိန်ခန့်တွင်လည်း တောင်ကုတ်မြို့၊ချောင်းကောက်ရပ် ကွက်က ဒေါက်တာကျော်သူရထွန်း ၄၂ နှစ်ကို Mask တပ်ထားတဲ့ စစ်ကောင်စီလူတစုက ဖမ်းခေါ်သွားခဲ့ပြီးနောက် အခုအချိန်ထိပြန်မလွတ်သေးပါ။

အလားတူတောင်ကုတ်မြို့၊သင်္ဘောဆိပ်တွင် စစ်ကောင်စီရဲ့ထောက်ပို့ သင်္ဘောတစီးကို ရက္ခိုင့် တပ်တော်(AA)က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ပြီး နောက် ချောင်းကောက်ရပ်ကွက်က ဦးထွန်းချစ် ၅၈နှစ်၊ ဂူတာရပ်ကွက်က ရှုထောင့်သ တင်းစုံဂျာနယ်မှာ လုပ်ကိုင်နေတဲ့ ရဲသတင်း ပေး ကိုဦးနဲ့ စိုးဝင်းချေ၊ မှိုဟင်းတော‌ကျေးရွာကဦးကျော်သောင်းတို့ကို စစ်ကောင်စီကဖမ်းဆီးထားပါတယ်။

အဲဒီအပြင် စက်တင်ဘာ ၁၉ရက်နေ့တွင် ‌တောင်ကုတ်မြို့ကိုင်းရှည်လူမှုကူညီရေးအသင်းဥက္ကဋ္ဌဖြစ်သူဦးမြင့်လှိုင်နဲ့ဒုဥက္က ဋ္ဌဖြစ်သူဦဇော် မင်းထွန်းနဲ့ စက်တင် ဘာလ ၂၁ ရက်ည ၇ နာရီကျော်အချိန်ခန့်ကလည်း အဲဒီချောင်းကောက်ရပ်ကွက်က ကိုမျိုးမြင့်(ခ)ကိုပူတာတာကို ကောင်စီတပ် ဖွဲ့ဝင်တွေ သူ့ရဲ့နေအိမ်က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့ ရပ်ကွက်နေသူတွေက ဆိုပါတယ်။

ထို့အတူ စက်တင်ဘာ ၇ရက်နေ့ ညအချိန်မှာလည်းကျောက်ဖြူမြို့က ကိုမောင်ဝင်းနိုင် (ခ)ညီဝင်းနိုင်၂၉နှစ်၊ ဦးဘသန်း ၄၂နှစ်၊ ဆလိုင်းကိုအေး ၄၃နှစ်၊ စက်တင်ဘာ ၁၀ရက်နေ့ကလည်း ကိုဖြိုးမင်းထွန်း ၂၉နှစ်၊ ဦးဝင်းအောင် ၅၃နှစ်နဲ့ ဦးစိုးဝင်းနိုင် ၊ ဦးတင်ညွှန့်တို့ကို စစ်ကောင်စီကဖမ်းဆီးသွားခဲ့ပြီးနောက် အခုအချိန်ထိပြန်မလွတ် လာသေးဘူးလို့ မိသားစုဝင်တွေကဆိုပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။