myaelatt athan

Sharing Information to the Local

စစ်ကောင်စီက မောင်တောနှင့်ဘူးသီးတောင်တွင် စစ်အင်အား ၁ သောင်းနီးပါးချထားပြီး တိုက်ခိုက်နေသော်လည်း AAက အနိုင်ရနေဟုဆို

0
0

မြေလတ်အသံ၊ စက်တင်ဘာ ၁၉၊ ၂၀၂၂။

ရခိုင်ပြည်နယ်၊ မောင်တောနှင့်ဘူးသီး‌တောင်မြို့နယ်တို့တွင် စစ်ကောင်စီက အင်အား ၁‌ သောင်းနီးပါးအထိချထားပြီး ရက္ခိုင့်တပ်တော် (AA)ကို တိုက်ခိုက်နေသည်ဟု AA က‌ပြောဆိုလိုက်သည်။

မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တွင် နယ်ခြားစောင့်တပ်အင်အား ၆ ထောင်ကျော်ရှိပြီး၊ စစ်ကောင်စီတပ်ရင်း ၁၅ လက်အောက်ခံ တပ် ၁၀ ခုရှိကာ ထပ်တိုးရောက်ရှိလာသည့်အင်အားများဖြင့် စုစုပေါင်လျှင် အင်အား ၁ သောင်းနီးပါးအထိရှိနေသည်ဟု ယနေ့စက်တင်ဘာ ၁၉ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကပြောသည်။

“အဲဒီဖက်မှာ တပ်မ ၇၇နဲ့ တခြားတပ်မတွေလည်း ထုတ်နုတ်တဲ့အင်အားတွေ ရောက်ရှိပါတယ်။ အဲဒါကြောင့် ကျနော်တို့တပ်တွေလည်း အဲဒီဖက်မှာ အမြောက်အများအထိုင်ချထားလို့ရှိပါတယ်။ တဖက်နဲ့တဖက် ပိတ်ဆို့လို့ရှိတဲ့အတွက်ကြောင့် ရာခိုင်နှုန်းအားဖြင့် ဘယ်လောက်ထိထိန်းချုပ်ထားလည်းဆိုတာထက် အပြန်အလှန်ထိန်းချုပ်နိုင်ဖို့ အားပြိုင်နေကြတယ်” ဟုဆိုသည်။

ယခုလိုစစ်ကောင်စီက အင်အားအများအပြားသုံး တိုက်ခိုက်နေသော်လည်း မောင်တောနယ်စပ်ရှိ စစ်ကောင်စီစခန်းတချို့ကို သိမ်းပိုက်နိုင်ခဲ့သလို ၎င်းတို့၏ ရိက္ခာပို့လမ်းကြောင်းများကိုလည်း ပိတ်ဆို့ ဖြတ်တောက်ထားနိုင်၍ မိမိတို့အနေဖြင့် အသာစီးရရှိနေသည်ဟု ပြောဆို၍ရကြောင်း ခိုင်သုခကပြောသည်။

“မောင်တောက ကျနော်တို့ဖက်က နယ်မြေစိုးမိုးမှုကို ပိုလို့အားကောင်းအောင်လုပ်လာနိုင်လို့ ရန်သူစခန်းတချို့လည်း ဆုတ်သွားတာတွေရှိတယ်။ အဲဒီစခန်းတွေက BB-40 ကနေ မြောက်ဖက်အခြမ်းမှာရှိတဲ့ BB-53လောက်အထိ နယ်စပ်တလျောက်မှာရှိတဲ့ စခန်းငယ်တွေပေါ့။ အထူးသဖြင့် လူ ၂၀၊ ၃၀ လောက်နဲ့တပ်စွဲထားတဲ့စခန်းတွေ အများအပြားဆုတ်သွားတာရှိပါတယ်။ လက်ရှိမြေပြင်အနေအထားအရ ကျနော်တို့ဖက်က အသားစီးရထားတယ်လို့ ပြောလို့ရတယ်” ဟုဆိုသည်။

ယင်းကြောင့် လက်ရှိတွင်လည်း စစ်ကောင်စီဖက်က ရိက္ခာ၊ လက်နက်၊ လူအင်အားများ ပိုမိုဖြည့်တင်းနေလျှက်ရှိသဖြင့် လာမည့်ကာလများ၌ တိုက်ပွဲကြီးများ ပြင်းပြင်းထန်ထန်ဖြစ်လာနိုင်သည်ဟု ရက္ခိုင့်တပ်တော်က ပြောဆိုလိုက်သည်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။