myaelatt athan

Sharing Information to the Local

နှမ်းအငှားရိတ်ဖို့ ပိုက်ဆံမတတ်နိုင်တဲ့ တောင်သူတွေကို PDF များက ကူရိတ်ပေးခဲ့

0
0

မကွေး၊ သြဂုတ် ၉၊ ၂၀၂၂။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်းက တောင်သူတွေရဲ့ နှမ်းစိုက်ခင်းတွေဟာ ရိတ်သိမ်းဖို့လိုနေတဲ့အပြင် လူအငှားနဲ့ ရိတ်ဖို့ကိုလည်း ငွေကြေးအခက်အခဲတွေရှိနေတာကြောင့် PDF ရဲဘော်တွေက ကာယခွန်အားနဲ့ ကူညီပြီးရိတ်သိမ်းပေးခဲ့ကြတယ်လို့ People’s Defense Force-Gangaw Battalion ရဲ့ ဒုတပ်ရင်းမှူးဆီက သိရပါတယ်။

လက်ရှိကာလမှာ နှမ်းစိုက်ခင်းမှာ နှမ်းတွေကွဲနေကြပြီဖြစ်သလို ရိတ်သိမ်းဖို့လည်း လိုအပ်နေပြီး အလုပ်သမားငှားဖို့ မတတ်နိုင်တဲ့ တောင်သူတွေအပြင် တောနဲ့ ဝေးတဲ့ စိုက်ခင်းရှင်တွေကိုပါ ကူရိတ်သိမ်းပေးဖြစ်ခဲ့တယ်လို့ အနောက်ပိုင်းတိုင်း စစ်ဒေသ တပ်မဟာ ၇ တပ်ရင်း ၇၀၁ Gangaw Battalion PDF ရဲ့ ဒုတပ်ရင်းမှူး ဗိုလ်သားဇင်က ‌မြေလတ်အသံကို ပြောပါတယ်။

” တောင်သူတွေမှာ စိုက်ပျိုးရတာမှာ အဆင်ပြေတဲ့နေရာပြေတယ်၊ တချို့ပျူစောထီးရွာတွေနဲ့နီးတဲ့နေရာမှာဆိုစိုက်ပျိုးလို့မရဘူး၊ အခုလိုကူညီရိတ်သိမ်းပေးတာကို သူတို့အနေနဲ့တော့ဝမ်းသာတယ်ပေါ့၊ အခုအချိန်မှာငှားရန်းဖို့လည်းပိုက်ဆံမရှိကြဘူး၊ ငှားဖို့တတ်နိုင်တယ်ဆိုတောင်မှရိတ်သိမ်းဖို့အတွက်လူတွေခေါ်လို့မရနိုင်တဲ့အနေအထားပါ၊ကျနော်တို့ကလည်းတတ်နိုင်တဲ့ဘက်ကနေပြီးတော့မှ ကာယအားနဲ့တတ်နိုင်သလောက်ဝိုင်ပြီးတော့ကူညီပေးကြတာပါ” လို့ ပြောပါတယ်။

PDF တွေအနေနဲ့ လက်ရှိကာလမှာ စစ်ကြောင်းထိုးတာ‌တွေ မရှိတဲ့ နယ်မြေ‌တွေမှာ ပြည်သူတွေကို ကူညီနေတာဖြစ်ပြီး စစ်ကြောင်းထိုးခံရတဲ့ ဒေသတွေမှာတော့ မိုင်းနဲ့ ပြန်ခုခံကာကွယ်တာမျိုးတွေလုပ်နေသလို ပစ်ခတ်ရတဲ့ အနေအထားတွေမှာလည်း ပစ်ခတ်ကာကွယ်ပေးနေတယ်လို့ ပြောပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။