myaelatt athan

Sharing Information to the Local

သရက်သီးကောက်နေတဲ့ပျူစောထီး ၃ ဦး အနီးကပ်ပစ်ခံရလို့သေဆုံးပြီး သေနတ် ၁ လက်ရ

ပေါက်၊ ဇွန် ၄၊ ၂၀၂၅။

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ သရက်သီးကောက်နေတဲ့ ပျူစောထီး ၃ ဦး အနီးကပ်ပစ်ခတ်ခံရတာကြောင့် နေရာမှာသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ နွေဦးညီနောင်ပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။

ပျူစောထီးနဲ့ စစ်ကောင်စီတပ်အထိုင်ချထားတဲ့ ကုက္ကိုစုရွာက ပျူစောထီး ၃ ဦး ဟာ အဆိုပါရွာအနောက်တောင်ဘက်ရှိ သရက်ပင်တွေမှာ သရက်သီးကောက်နေစဥ် ဇွန် ၂ ရက် နေ့လယ် ၂ နာရီ ၄၀ မိနစ်မှာ မီတာ ၅၀ ခန့်အကွာကနေ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ ကျနော်က ၃ ရက်စောင့်ကြည့်တယ်။ ပထမနေ့က ဂန်း(သေနတ်) ၃ လက်နဲ့လာပြီး သရက်သီးကောက်တယ်။ ဒုတိယနေ့ကျတော့ သူတို့ ဂန်း ၂ လက်နဲ့လာကောက်တယ်။ မနေ့ကဖြစ်သွားတဲ့ပွဲကျတော့ ဂန်းကတော့ပါတယ်၊ ကျနော်သွားပစ်တဲ့အချိန်မှာ ၁ လက်ပဲရရှိခဲ့တာ။” လို့ နွေဦးညီနောင်ပြောက်ကျားတပ်ဖွဲ့တာဝန်ခံက ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ပစ်ခတ်မှုကြောင့် သရက်သီးကောက်လာတဲ့ ကုက္ကိုစုရွာပျူစောထီး ၃ ဦးဖြစ်တဲ့ အသက် ၅၀ နှစ် ကိုချိန်အောင်၊ အသက် ၄၀ နှစ် အောင်ကြိုင်နဲ့ အသက် ၁၆ နှစ် ဘိုစိုင်းတို့ နေရာမှာသေဆုံးခဲ့ပြီး ၎င်းတို့ထံကနေ AK 47 သေနတ် ၁ လက် သိမ်းဆည်းနိုင်ခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက် ကုက္ကိုစုရွာပျူစောထီးစခန်းတွေကနေ ၆၀ မမ လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေးတပ်တွေဘက်က ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်ကလည်း အဆိုပါပျူစောထီးနဲ့စစ်ကောင်စီတပ်အထိုင်ချတပ်စွဲထားတဲ့ ကုက္ကိုစုရွာက သက်ကြီးပိုင်းဒသေခံ ၂ ဦးကို နွေဦးညီနောင်ပြောက်ကျားတပ်ဖွဲ့က ကယ်ဆယ်ခေါ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။