myaelatt athan

Sharing Information to the Local

ပေါက်ခေါင်းမြို့နယ်မှာ အရိပ်မဲ့ စစ်ဆင်ရေးအဖြစ် ရဲစခန်းထဲမိုင်းဝင်ထားပြီး ဖောက်ခွဲခဲ့

0
0

ပဲခူး၊ ဇူလိုင် ၁၄၊ ၂၀၂၂။

ပေါက်ခေါင်းမြို့နယ် ကံကျင်းရဲစခန်းထဲကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ရက်က ဗုံးဝင်ထားခဲ့ပြီးဖောက်ခွဲခဲ့ပေမယ့် မပေါက်ကွဲခဲ့လို့ ၁၃ရက်မှာ ထပ်ပြီးတော့ သွားထားကာ ဖောက်ခွဲခဲ့လို့ အဆောက်အဦတလုံးပျက်ဆီးခဲ့ပြီး လူထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီဖောက်ခွဲမှုကို အရိပ်မဲ့ စစ်ဆင်ရေးလို့ အမည်ပေးထားပြီး မကွေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဌာနချုပ်က မွေးထုတ်ထားတဲ့ Unique ဆိုတဲ့ အဖွဲ့က ရဲဘော်တွေက လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ မကွေးတိုင်းပြည်သူကာကွယ်ရေးတပ် (အောင်လံ) ရဲ့ တာဝန်ခံ ဗိုလ်GZ က ပြောပါတယ်။

” အဆောက်အဦးတလုံးတော့ထိခိုက်ပျက်စီးသွားတယ်ဗျ ထိခိုက်ဒဏ်ရာရသူတွေရှိတယ်ဆိုပေမဲ့ခိုင်လုံမှုတော့မရှိသေးပါဘူး၊ အင်အားကတော့ အဲ့စခန်းမှာ ၁၀ ယောက်ကျော်ရှိမယ်လိုသိရတယ် စစ်သားတွေတော့မရှိဘူးဗျ ညကဖြစ်ပြီးတော့ ကပစ(၁၉)ကစစ်ကူသဘောလာတယ်လိုသိရတယ်” လို့ ပြောပါတယ်။

အရိပ်မဲ့ စစ်ဆင်ရေးအတွက် အခုဖောက်ခွဲမှုဟာ ပထမဆုံးဖြစ်ပြီး နောက်ထပ်လည်း မကွေးတိုင်းနဲ့ ပဲခူးတိုင်းတွေထဲက စစ်ကောင်စီလက်အောက်ခံဌာနတွေ ကို ဆက်ပြီးတိုက်ခိုက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

” ကျွန်တော်တိုတော်လှန်ရေးအင်အားစုတွေအနေနဲ့အရိပ်မဲ့စစ်ဆင်ရေးအဖြစ် စကစနဲ့ပတ်သက်နေတဲ့ဌာနတွေ၊ရဲစခန်းတွေကိုဆက်လက်တိုက်ခိုက်သွားမှာဖြစ်ပါတယ် ယခုဖြစ်စဉ်ဟာအထူးတပ်ဖွဲဝင်တွေရဲ့စွမ်းဆောင်ရည်ကိုစမ်းသပ်တဲ့သဘောပဲရှိပါသေးတယ်လိုပြောချင်ပါတယ်” လို့ ဗိုလ်GZ က ပြောပါတယ်။

ပေါက်ခေါင်းမြို့နယ်က ကံကျင်းရဲစခန်းဖောက်ခွဲမှုကို ငါးပြေမ ပြောက်ကျားတပ်ဖွဲ့၊ မကွေးတိုင်းပြည်သူကာကွယ်ရေးတပ် အောင်လံ နဲ့ ပေါက်ခေါင်းလွတ်မြောက်ရေးအင်အားစုတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။