စစ်တွေမြို့တွင် ပထမဆုံး မွတ်ဆလင်နှင့်ရခိုင်လူငယ်များ စုပေါင်းကာ ကုရ်ဗာနီနေ့ ပွဲပြုလုပ်

0 6
0 6

မြေလတ်အသံ၊ ဇူလိုင် ၁၁၊ ၂၀၂၂။

ရခိုင်ပြည်နယ်၊စစ်တွေမြို့ရှိ SSစားသောက်ဆိုင်တွင် အစ္စလမ်ဘာသာဝင်များ၏ ကုရ်ဗာနီဒုတိယ မြောက်နေ့ကို မွတ်ဆလင် လူငယ်များနှင့် ရခိုင်လူငယ်များ စုပေါင်းကာ စားသောက်ပွဲကျင်းပခဲ့သည်ဟု သိရသည်။

စစ်တွေမြို့တွင် ကုရ်ဗာနီနေ့၌ နှစ်ဖက်လူငယ် အချင်းချင်း ယခုလိုပွဲကျင်းပခြင်းမှာ ပထဆုံး အကြိမ်လည်းဖြစ်သည်။

ယခုလိုပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ မွတ်ဆလင် တက္ကသိုလ်ကျောင်းသားတဦးဖြစ်သူ ကိုဇော်မင်းထွန်းက “ရခိုင်ပြည်မှာ နေထိုင်ကြတဲ့ လူမျိုးတိုင်း၊ ဘာသာတိုင်း အကြား သဟဇာတကျနိုင်ဖို့၊ ပြီးတော့ ကျွန်တော်တို့ရဲ့ နေ့ထူးနေ့မြတ်မှာ အကုန်လုံးအတူတူရှိနေစေချင်လို့ ဒီလိုလုပ်ရတာဖြစ်ပါတယ်။” ဟု ဆိုသည်။

ယနေ့ပြုလုပ်သည့်ပွဲကို ရခိုင်ပြည်နယ်ရှိ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များ၊ လူငယ်အဖွဲ့အစည်းများနှင့် NGOsအဖွဲ့ဝင်များ စုစုပေါင်း လူဦးရေ ၆၀ကျော်တက်ရောက်ခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် ဇူလှိုင်လ ၁၀ရက်နေ့တွင် ကျရောက်သည့်ကုရ်ဘာနီ‌ ပထ‌မနေ့ အထိမ်းအမှတ်အဖြစ် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှ ဖမ်းဆီးထားသည့် မွတ်ဆလင် ၈ဦးကို ပြန်လွတ်ပေးခဲ့ပြီး ကျေးရွာပေါင်း ၂၂ရွာကိုလည်း ရက္ခိုင့်တပ်တော် (AA)က အဝတ်များ လှူဒါန်းပေးခဲ့သည်ဟု သိရသည်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။