myaelatt athan

Sharing Information to the Local

ဘားအံထောင်က နိုင်ကျဉ်း ၅၀ကျော်နဲ့ တိုက်ပိတ်ခံရသူ ၈ဦးကို သာယာဝတီထောင်ကိုပြောင်းရွှေ့

0
0

မြေလတ်အသံ၊ ဇူလိုင် ၁၀၊ ၂၀၂၂။

ကရင်ပြည်နယ် ဘားအံအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၆၀ဝန်းကျင်နဲ့ တိုက်ပိတ်ခံထားရသူ ၈ဦးကို မနေ့က ပဲခူးတိုင်း သာယာဝတီအကျဉ်းထောင်ကို ပြောင်းရွှေ့လိုက်တယ်လို့ ထောင်ဝန်ထမ်းတဦးဆီက သိရပါတယ်။

ထောင်ကြီးရဲ့ပြင်ပ သီးသန့်အဆောင်တွေကနေ အကျဆောင်ကို ရောက်လာတဲ့ ၁လပြည့် နေ့မှာပဲ သူတို့အားလုံးကို သာယာဝတီထောင်ကို မနေ့က ပို့လိုက်တာဖြစ်တယ်လို့ ထောင်ဝန်ထမ်းတဦးက ပြောပါတယ်။

” နိုင်ကျဉ်းတွေချည်းပဲ အကျဆောင်မှာ ချခံထားရတာ အားလုံး ၅၇ယောက်ရှိတယ်၊ တိုက်ပိတ်ခံရတဲ့ အကျဉ်းသား ၈ဦးပါတယ်၊ သူတို့ကတော့ ဘာပုဒ်မတွေဆိုတာ မသိရဘူး” လို့ ပြောပါတယ်။

သာယာဝတီထောင်ကို ပြောင်းရွှေ့ခံလိုက်ရတဲ့ အကျဆောင်(၄) က နိုင်ကျဉ်း ၅၇ ယောက်မှာ ပုဒ်မ ၅၂( က) နဲ့ ဆက်နွယ်ပြီး အမှုဖွင့်ခံထားရတဲ့ အကျဉ်းသားက ၃၇ယောက်၊ ပုဒ်မ ၁၂၄(က) နဲ့ ၁၄ယောက်၊ ၅၁(ဂ) ၃ယောက်၊ ၄၉(က) ၁ယောက်၊ ၅၀(စျ) ၁ယောက်အပါအဝင် ၅၀၅(က)/ ၁၉ (စ) နဲ့ ၁ယောက် စုစုပေါင်း ၅၇ ယောက်အပြင် တိုက်ပိတ်ခံရသူ ၈ယောက်တို့ဖြစ်ပါတယ်။

အခုပြောင်း‌ရွှေ့လိုက်တဲ့ သာယာဝတီအကျဉ်းထောင်က ခေတ်အဆက်ဆက် နိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ်မှုအများဆုံးထောင်တွေထဲက တခုလည်းဖြစ်ပါတယ်။

အခုလို ဘားအံထောင်မှာ နိုင်ကျဉ်းတွေကို ထောင်ပြောင်းရွှေ့တာ ၂ကြိမ်ရှိပြီဖြစ်သလို ထောင်ဆူပူမှုလည်း ၂ကြိမ်ဖြစ်ခဲ့ဖူးပြီး နိုင်ကျဉ်း ၁၇ဦးအရေးယူခံရဖူးပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။