myaelatt athan

Sharing Information to the Local

၂ ရက်အတွင်း စစ်တွေမြို့နှင့် ပုဏ္ဏားကျွန်းမြို့မှ အရပ်သား ၂၉ ဦးကို စစ်ကောင်စီဖမ်းဆီးထားဟု AA ပြော

0
0

မြေလတ်အသံ၊ ဇွန် ၂၇၊ ၂၀၂၂။

ဇွန်လအတွင်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့နှင့် ပုဏ္ဏားကျွန်းမြို့များမှ အပြစ်မဲ့အရပ်သား ၂၉ ဦးကို စစ်ကောင်စီက ဖမ်းဆီးထားသည်ဟု ရက္ခိုင့်တပ်တော် (AA)က ထုန်ပြန်လိုက်သည်။

ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်နှင့် ၂၄ ရက်နေ့တို့တွင် စစ်တွေမြို့မှ စစ်ကောင်စီက ဖမ်းဆီးထားသည့် အပြစ်မဲ့အရပ်သား ၂၁ ဦးရှိပြီး၊ ၎င်းတို့ထဲတွင် အသက် ၁၈ နှစ်မပြည့်သေးသော လူငယ် ၃ ဦး ပါဝင်သည်ဟု ဇွန်လ ၂၅ ရက်နေ့တွင် AA က ထုတ်ပြန်ထားသည်။

အလားတူ ဇွန်လ ၁၆ ရက်နေ့မှ ဇွန်လ ၂၆ ရက်နေ့အထိ ၁၀ ရက်အတွင်း ပုဏ္ဏားကျွန်းမြို့မှ စစ်ကောင်စီက ဖမ်းဆီးထားသည့် အရပ်သား ၈ ဦးရှိပြီး ၎င်းတို့ထဲတွင် အသက် ၁၈ နှစ်မပြည့်သေးသော လူငယ် ၁ ဦးပါဝင်သည်ဟုလည်း AA က ဇွန်လ ၂၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စစ်တွေမှ ဖမ်းဆီးခံထားရသူမှာ ဦးလှထွန်းဝင်း၊ ဦးခင်မောင်စော၊ ဦးဘသိန်း၊ ညီညီထွန်း၊ ဦးမြင့်စိုး၊ မောင်မောင်ခင်၊ ဒီမာမောက်၊ အောင်အောင်၊ မာမောက်ရှာ၊ မောင်ကျော်လှ၊ ညီညီ၊ စံမောင်၊ မောင်ဟန်စိုး၊ ကျော်သန်းအေး၊ အောင်ဇာ်လင်း၊ ကျော်အေးလှိုင်၊ စိုးနိုင်ဝင်း၊ မောင်စံဦး၊ မောင်ဖြူ၊ မောင်လုံးချေ၊ မောင်သန်းထွန်းတို့ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ပုဏ္ဏားကျွန်းမှ ဖမ်းဆီးခံထားရသူများမှာ ကျော်မင်း၊ ဝင်းမောင်သန်း၊ ထွန်းလှိုင်၊ ဦးဘလှိုင်၊ မျိုးသွင်၊ မြတ်သူထွန်း၊ နိုင်မျိုးထွန်း၊ မင်းအောင်ခိုင်တို့ဖြစ်ကြသည်။

ယင်းအပြင် ကျောက်တော်နှင့် မြောက်ဦးမြို့တို့တွင်လည်း စစ်ကောင်စီကဖမ်းဆီးထားသည့် မပြစ်မဲ့အရပ်သား အနည်ဆုံး ၂၀ ကျော်ရှိသည်ဟုလည်း ဒေသခံများ၏ပြောဆိုချက်အရသိရသည်။ယင်းအရေအတွက်ကိုမူ ရက္ခိုင့်တပ်တော် (AA)က ထုတ်ပြန်ထားခြင်းမရှိသေးပေ။

ယခုနှစ် ဇွန်လမှစ၍ ရခိုင်ပြည်နယ်ရှိ မြို့နယ် ၄ မြို့နယ်မှ ရက္ခိုင့်တပ်တော်(AA)က ဖမ်းစီးထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင် အရေအတွက် စု၏စုစုပေါင်း ၁၈ ဦးအထိရှိပြီ ဖြစ်သည်။

ယင်းအပြင် ရက္ခိုင့်တပ်တော်(AA)ထံသို့လည်း ထွက်ပြေခိုလှုံလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အရေအတွက် ထောင်နှင့်ချီ၍ရှိသည်ဟု ဇွန်လ ၁၄ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ AA ၏ ပြောခွင့်ရသူ ခိုင်သုခက ပြောဆိုခဲ့သည်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။