ရခိုင်လူငယ်အဖွဲ့အစည်း ၂၀ ကျော်ကန့်ကွက်ရှုံ့ချခဲ့သော်လည်း စစ်ကောင်စီဖိတ်ခေါ်မှု ALP တက်ရောက်

0 0
0 0

မြေလတ်အသံ၊ ဇွန် ၁၃၊ ၂၀၂၂။

စစ်ကောင်စီက ဖိတ်ခေါ်ထားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့တက်ရောက်မည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ကို ရခိုင်ပြည်နယ်ရှိ လူငယ်အဖွဲ့အစည်း ၂၄ ဖွဲ့က ကန့်ကွက်ရှုတ်ချခဲ့သော်လည်း ယနေ့ ဇွန်လ ၁၃ ရက်နေ့ တွင် နေပြည်တော်၌တွေ့ဆုံခဲ့သည်ဟု သိရသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီမှာ တစ်နိုင်ငံလုံးအပတ်အခတ်ရပ်စာချုပ်(NCA)ရေးထိုးထားသည့် အဖွဲ့အစည်း တခုဖြစ်ပြီး စစ်ကောင်စီ၏ဖိတ်ခေါ်သည့်ဆွေးနွေးပွဲတိုင်းကို မပျက်မကွက်တက်ရောက်နေသည့် အဖွဲ့အစည်း တခု ဖြစ်သည်။

“သူတို့အဖွဲ့တက်ရင်လည်း ဘာမှထူးလာမှာ မဟုတ်ဘူး။ ကျွန်တော်တို့ကတော့ ပြောသင့်တာကိုပြောခဲ့ပြီးပဲ။ သူတို့က ရခိုင်လူထုကို ကိုယ်စားပြုတဲ့အဖွဲ့မဟုတ်ဘူး။ ရခိုင်တွေမှာက ရက္ခိတလမ်းစဥ် ရှိနေပြီးသားဖြစ်တယ်။”ဟု အမည်မဖော်လိုသည့် သမဂ္ဂအဖွဲ့ဝင်တက္ကသိုလ်ကျောင်းသားတဦးကပြောသည်။

ယခုလို ငြိမ်းချမ်းရေးပွဲသို့တက်ရောက်နေသည့် ALPပါတီမှာ ရခိုင်ပြည်သူလူထုကို ကိုယ်စားပြုသည့်အဖွဲ့အစည်း မဟုတ်သဖြင့် ရခိုင်လူငယ်အဖွဲ့အစည်း ၂၄ ဖွဲ့က ပြီးခဲ့သည့် မေလ ၁၆ ရက်နေ့တွင် ကန့်ကွက်ရှုတ်ချလိုက်ခြင်း ဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ငြိမ်းချမ်းရေးပွဲသို့တက်ရောက်နေသည့် ALP ပါတီ၏ ဒု-ဥက္ကဌဖြစ်သူ ဒေါ်စောမြရာဇာ လင်းကို မြေလတ်အသံက အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုမှုမရှိခဲ့ပါ။

ယခုလိုစစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ကြသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များမှာ NCAထိုးထားသည့် လက်နက်ကိုင် ၇ဖွဲ့နှင့် NCAမထိုးထားသည့် အဖွဲ့အစည်း ၃ ဖွဲ့တို့ဖြစ်ကြသည်။

ရက္ခိုင့်တပ်တော်(AA)အပါအဝင် မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့ကလည်း ဆွေးနွေးပွဲသို့ တက်ရောက်ခြင်းမရှိ သလို လက်ရှိရခိုင်ပြည်နယ်တွင်လည်း စစ်ကောင်စီနှင့်တပ်တော်အကြား နှစ်ဖက်စစ်ရေးတင်းမာလျှက်ရှိနေကြသည်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။