PDF တွေအလင်းဝင်လို့ရတယ်လို့ ထုတ်ပြန်အပြီးမှာ ငဖဲ PDF တွေ အလင်းဝင်လာတယ်လို့ ဝါဒဖြန့်

0 3
0 3

မကွေး၊ ဇွန် ၁၃၊ ၂၀၂၂။

မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်းက PDF သင်တန်းဆင်း လူငယ် ၉ဦး စစ်ကောင်စီထံမှာ အလင်းဝင်ရောက်လာတယ်လို့ စစ်ကောင်စီ ဝါဒဖြန့်စာမျက်နှာ တခုဖြစ်တဲ့ “သတင်းစုံ” Fcaebook Page က ထုတ်ပြန်လာခဲ့ပါတယ်။

မ‌‌ကွေးတိုင်း ငဖဲမြို့နယ် တဝိုက်လှုပ်ရှားနေတဲ့ PDF တပ်ဖွဲ့ဝင်တွေအနေနဲ့ တယောက်မှ အခုလိုမျိုး အလင်းဝင်သွားတာမျိုး မရှိဘူးလို့ PRA မကွေးရဲ့ စစ်ဦးစီးချုပ် ဟာကျူလီက ပြောပါတယ်။

” စစ်ကောင်စီက ဝါဒဖြန့်ချိတဲ့ ပုံစံမျိုးနဲ့ လုပ်ဆောင်တာ ဖြစ်ပါတယ်၊ ဘယ်လိုလူမျိုးတွေလဲ ဆိုတော့ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ မတ်လ တွေမှာ ဆန္ဒပြပြီးတော့ ဖမ်းခံရမှာ ကြောက်လို့ တမြို့တရွာတွေမှာ ‌ရှောင်နေတဲ့ သူတွေ၊ သူတို့ကိုယ် သူတို့ အိမ်ပြန်လာချင်တဲ့ အချိန်မှာ စစ်ကောင်စီဆီမှာ ခံဝန်ထိုးပြီးတော့မှ လာတဲ့ လူငယ်တွေ ဖြစ်ပါတယ်၊ ငဖဲမြို့နယ် အတွင်းမှာ လှုပ်ရှားဆောင်ရွက်နေတဲ့ PDF တပ်ဖွဲ့ဝင်တွေ တယောက်မှ မပါဘူးဆိုတာ ခိုင်ခိုင်မာမာ ပြောနိုင်ပါတယ်ခင်ဗျာ” လို့ PRA မကွေးရဲ့ စစ်ဦးစီးချုပ် ဟာကျုလီက ပြောပါတယ်။

စစ်ကောင်စီက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ PDF တွေ လက်နက်ချပြီး အလင်းဝင်လာရင် လက်ခံကြိုဆိုသွားမယ်လို့ ထုတ်ပြန်အပြီးမှာ အခုလို ဝါဒဖြန့်တဲ့ သတင်းတခုကို တင်လာတာဖြစ်တယ်လို့ သိရပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။