myaelatt athan

Sharing Information to the Local

မီးရှို့ခံရတဲ့ ရွာတွေက တော်လှန်ရေးအတွက် မြိုင် PDF ကို ရွှေငွေများလှူဒါန်း

0
0

မကွေး၊ ဇွန် ၁၀၊ ၂၀၂၂။

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းမှာ စစ်ကောင်စီမီးရှို့တာခံရပေမယ့် တော်လှန်ရေးမှာ အသုံးပြုဖို့အတွက် ရွှေထည်တွေနဲ့ ငွေသားအချို့ကို မြိုင်PDF ဆီမှာ လာလှူသွားကြတယ်လို့ သိရပါတယ်။

မြိုင်မြို့နယ်ထဲက မီးရှို့ခံရတဲ့ ရွာ ၂ရွာက ပြည်သူတွေက PDF တွေ တော်လှန်ရေးမှာ အသုံးပြုဖို့ စုပေါင်းပြီး လာလှူကြတာဖြစ်တယ်လို့ မြိုင် PDF က ဗိုလ်လက်ယာက ပြောပါတယ်။

“စစ်တပ်ကမီးရှို့တဲ့ရွာတွေက ဒေသခံပြည်သူတွေက စိတ်ဓါတ်ပြင်းပြတယ်၊ကျနော်တို့နဲ့လည်းပူးပေါင်းတယ်၊သူတို့ကလည်း နားကပ်တွေချွပ်လှူတယ်၊ကျနော်တို့ကလည်းဝါး၊သစ်၊မျှောတွေပြန်ပို့ပေးတယ်၊လက်နက်ဝယ်ဖို့အတွက် ဒေသခံပြည်သူတွေက ရွှေ၊ငွေအကုန်လှူကြတယ်” လို့ ပြောပါတယ်။

ဒေသခံတွေလှူဒါန်းခဲ့တဲ့ ရွှေနားကပ်နဲ့ အလှူပစ္စည်းတွေကို ၇၇ သိန်းနဲ့ လာဝယ်သွားခဲ့ပြီး ငွေသား ၂၂သိန်းနဲ့ စုစုပေါင်း ၈၉သိန်းနီးပါး တော်လှန်ရေးအတွက် အထောက်အပံ့ရရှိခဲ့တယ်လို့ ပြောပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။