myaelatt athan

Sharing Information to the Local

မင်းဘူး(စကု) မြို့နယ် ဗကသ အလုပ်အမှုအဆောင် ၂ဦး ထောင် ၃နှစ်စီအမိန့်ချခံရ

0
0

မကွေး၊ ဇွန် ၆၊ ၂၀၂၂။

မ‌ကွေးတိုင်း၊ မင်းဘူး (စကု) မြို့နယ်ကျောင်းသားများသမဂ္ဂ ဗကသများ အဖွဲ့ချုပ် အလုပ်အမှုဆောင် ၂ဦးကို ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလမှာ စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ဒီကနေ့မှာ မင်းဘူးတရားရုံးက ထောင်ဒဏ် ၃နှစ်စီ ချမှတ်လိုက်ပါတယ်။

၂၀၂၁ ခုနှစ်ဒီဇင်ဘာ လအလယ်လောက်မှာ စစ်ကောင်စီက အစီစဥ်တကျနဲ့ ကျောင်းသားများရှိနေတဲ့ နေရာကို ဝင်ရောက်ဖမ်းဆီးခဲ့ချိန်မှာ ဒီနေ့အမိန့်ချခံလိုက်ရတဲ့ ကိုပိုင်ခွန်းသာနှင့် ကိုသူရသက်ဘုန်းသျှံတို့ နှစ်ဦး ဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို့ မင်းဘူး(စကု)မြို့နယ်ကျောင်းသားများသမဂ္ဂ ဥက္ကဌက ပြောပါတယ်။

” ကျန်တဲ့လူတွေကတော့ ရှောင်တိမ်းနိုင်လိုက်တယ်၊ သူတို့ကိုဖမ်းပြီးတော့မှ ၅၀၅ တွေနဲ့တရားစွဲတယ်၊စွဲပြီးတော့ ၇ လလောက်အချိန်ယူပြီးစစ်တယ်၊ စစ်ပြီးတော့မှ ဒီနေ့ဇွန်လ ၆ ရက်နေ့မှာ ထောင်ဒဏ် ၃ နှစ်စီအပြီးသပ်အမိန့်ချလိုက်တယ်” လို့ ပြောပါတယ်။

ဖမ်းဆီး ထောင်ချခံလိုက်ရသူ ၂ဦးဟာ မင်းဘူးမြို့က ၁၀ တန်းကျောင်းသားတွေ ဖြစ်ကာ ဖမ်းဆီးခံရပြီး ၆လကျော် အကြာမှာ ထောင် ၃နှစ်စီချမှတ်ခံလိုက်ရတာဖြစ်ပါတယ်။

လက်ရှိ မင်းဘူးမြို့နယ် ကျောင်းသားများသမဂ္ဂအဖွဲ့က( ဗကသ) ကျောင်းသားတွေ အနေနဲ့ အနယ်နယ် အရပ်ရပ်မှာ လက်နက်ကိုင်တိုက်ပွဲဝင်နေကြတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။