myaelatt athan

Sharing Information to the Local

ပဲခူးတိုင်းမှာ နန်းထိုက်အောင် မြို့ပြစစ်ဆင်ရေးပထမဆုံးစတင်

0
0

မြေလတ်အသံ၊ မေ ၂၃၊ ၂၀၂၂။

ပဲခူးတိုင်း သာယာဝတီခရိုင်မှာ နန်းထိုက်အောင် မြို့ပြစစ်ဆင်ရေးအဖြစ် ဒီနေ့မနက်ပိုင်း သာယာဝတီမြို့နယ်ထဲက စစ်ကောင်စီကို ဆန်ရိက္ခာထောက်ပံ့ပေးနေတဲ့ ဆန်စက်ကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

သာယာဝတီမြို့နယ် ဂုံမင်းမြောင်ကျေးရွာမှာရှိတဲ့ ဆန်စက်ပိုင်ရှင် ဦးမြင့်သိန်းရဲ့ဆန်စက်ကို ဒီနေ့မနက် ၃နာရီမှာ ဖောက်ခွဲခဲ့ပြီး လာစစ်ဆေးတဲ့ စစ်အုပ်စုကိုပါ ထပ်ပြီးဖောက်ခွဲခဲ့တယ်လို့ ပဲခူးတိုင်း PDF စစ်ဒေသခွဲ တာဝန်ခံတဦးက ပြောပါတယ်။

” ဦးမြင့်သိန်းက အဓိကက တပ်မ ၆၆ရဲ့ ခလရ ၃၅ တပ်ရင်းကို အဓိက ဆန်ထောက်ပေးနေတဲ့ သူတစ်ဦးလဲဖြစ်တယ်ဗျ၊ သူ့သားကဗိုလ်မှူးရဲလင်းနိုင်နဲ့ ပေါင်းပြီး ပြည်သူတွေကိုခြိမ်းခြောက်တာမျိုး ဆက်ကြေးကောက်တာမျိုးတွေလုပ်နေတဲ့သူပါစစ်ကောင်စီကို မနက်၆နာရီလောက်မှာမိုင်းဆွဲတိုက်ခိုက်တာပါ၊ သေဆုံးမှုကတော့ အတည်ပြုနေဆဲပါ” လို့ ပြောပါတယ်။

ဆန်စက်ဖောက်ခွဲနဲ့ ပေါက်ကွဲမှုကို လာစစ်ဆေးတဲ့ စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်တာကို ပဲခူးတိုင်း PDF လက်အောက်က ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၂နဲ့ သာယာဝတီခရိုင် PDF တပ်ရင်း ၃၈ဝ၂ နှစ်ခုက တပ်ဖွဲ့ဝင်တွေက နန်းထိုက်အောင် မြို့ပြစစ်ဆင်ရေးကို စတင်ခဲ့တယ်လို့ ပြောပါတယ်။

” ပဲခူးတိုင်းမှာလာလုပ်တာတော့မဟုတ်ဘူးဗျ။ နန်းထိုက်အောင်စစ်ဆင်ရေးအမည်နဲ့ ပဲခူးတိုင်းကော ရန်ကုန်တိုင်းမှာပါ ဆောင်ရွက်မှာပါ၊ ရန်ကုန်က အရင် စသုံးဖြစ်တာပါ၊ ပဲခူးတိုင်းမှာ နန်းထိုက်အောင်စစ်ဆင်ရေးကို ပဲခူးတိုင်း PDF တပ်ရင်းအကုန်က အရှိန်မြှင့်ပြီးဆောင်ရွက်သွားဖို့ရှိပါတယ်” လို့ ပဲခူးတိုင်း PDF စစ်ဒေသခွဲတာဝန်ခံတဦးက ပြောပါတယ်။

ဖောက်ခွဲမှု ၂ကြိမ်ကြောင့် ဆန်စက်ပိုင်ရှင်ရဲ့ အိမ်စီးကား ၂စီး ထိခိုက်ပျက်ဆီးခဲ့ပြီး စစ်ကောင်စီတပ်သား ၅ဦးမှာ ထိခိုက်ဒဏ်ရာများ ရခဲ့တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။