မကွေးမှာ Denko ဆီဆိုင်ကလွဲပြီး ဆီဆိုင်အားလုံးနီးပါးဆီပြတ်နေ

0 0
0 0

မကွေး၊ မေ ၂၁၊ ၂၀၂၂။

မကွေးတိုင်း၊ မကွေးမြို့ပေါ်က စက်သုံးဆီဆိုင်တွေမှာ မေလ ၂၁ ရက် ဒီကနေ့မနက်ပိုင်းမှာ Denko ဆီဆိုင်ကလွဲရင် ကျန်တဲ့ဆီဆိုင်တွေမှာ ရောင်းချဖို့ဆီပြတ်တောက်နေတယ်လို့ မကွေးမြို့ခံတွေဆီက သိရပါတယ်။

မကွေးမြို့၊ တောင်တွင်းလမ်းနဲ့ နတ်မောက်လမ်းမှာရှိတဲ့ Denko ဆီဆိုင်တွေမှာသာ တန်းစီဝယ်ယူနေရပြီး အခြားစက်သုံးဆီဆိုင်တွေမှာ ဖွင့်လှစ်ထားပေမယ့် ဆီကုန်နေလို့ ရောင်းချဖို့မရှိဘူးလို့ ဆိုပါတယ်။

“ဒီမနက် မကွေးမှာ Denko တဆိုင်ဘဲဝယ်လို့ရတော့တယ်။ ကျန်တဲ့ဆိုင်တွေက ပိတ်ထားတာတော့ မဟုတ်ဘူး။ ဖွင့်တယ်ရောင်းဖို့ဆီမရှိဘူး။ ဆိုင်ကယ်တွေတောင် မရောင်းပေးနိုင်ဘူး။ မကွေးမှာက Denko က ၂ ဆိုင်ဘဲရှိတာ တမြို့လုံးအဲ့ဒီမှာထည့်နေရတော့ အဆင်မပြေဘူး” လို့ မကွေးမြို့၊ ကန်သာရပ်က ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

အခြားမြို့ခံသတင်းရင်းမြစ် တဦးကလည်း ဒီကနေ့မနက်ပိုင်းမှာ Denko ဆီဆိုင်မှာသာ ဆီဝယ်ယူလို့ရတော့တယ်လို့ အတည်ပြုပြောဆိုပါတယ်။

မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်း- MAPT က စက်သုံးဆီသင်္ဘောများဆက်လက်ရောက်ရှိနေပြီး စက်သုံးဆီပြတ်တောက်ရန်မရှိဘူးလို့ မေလ ၁၉ ရက်နေ့က ထုတ်ပြန်ခဲ့ပေမယ့် အခုလို စက်သုံးဆီပြတ်တောက်မှုတွေ ဖြစ်ပေါ်နေတာပါ။

မကွေးမြို့နဲ့ကန်ပြားရွာတလျှောက် နတ်မောက်လမ်း မပေါ်နဲ့မကွေးမြို့ တောင်တွင်းလမ်းမပေါ်အပါအဝင် မကွေးမြို့ပေါ်မှာ စက်သုံးဆီဆိုင် ၁၅ ဆိုင်ဝန်း ကျင်ရှိတာဖြစ်ပြီး၊ Denko ၂ ဆိုင်ကလွဲရင် အားလုံးနီးပါးမှာ စက်သုံးဆီပြတ်လတ်နေတာလို့ မကွေးမြို့ခံတွေကပြောဆိုပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။