myaelatt athan

Sharing Information to the Local

မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ဖမ်းဆီးခံထားရတဲ့ မိုးကုတ်ဒေသခံ ၇၀ ကျော်ကို TNLA ပြန်လွှတ်ပေး

မိုးကုတ်၊ မတ် ၃၊ ၂၀၂၅။

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ဖမ်းဆီးခံထားရတဲ့ ဒေသခံ ၇၁ ဦးကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က အကျင့်စာရိတ္တပြုပြင်ပေးပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ မတ် ၃ ရက်မှာ TNLA ကထုတ်ပြန်ပါတယ်။

မူးယစ်ဆေးသုံးစွဲသူ ၇၁ ဦးကို PSLF/TNLA ရဲ့ အကျင့်စာရိတ္တပြုပြင်ရေးစခန်းမှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့က ၆ လကြာ အကျင့်စာရိတ္တပြုပြင်ပေးခဲ့ပြီးနောက် ဖေဖော်ဝါရီ ၂၅ ရက်မှာ သူတို့ကို သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ မိဘတွေဆီ ပြန်လည်အပ်နှံပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

PSLF/TNLAရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတပ်ဖွဲ့ဆီကို အချို့သောမိဘပြည်သူတွေက မူးယစ်ဆေးဝါးသုံးစွဲတဲ့သားတွေကို အကျင့်စာရိတ္တပြုပြင်ပေးဖို့အတွက် မိမိကိုယ်တိုင် လာရောက်အပ်နှံတာတွေလည်းရှိတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မူးယစ်ဆေးဝါးသုံးစွဲသူတွေအနေနဲ့ ပထမအကြိမ် အကျင့်စာရိတ္တပြုပြင်ရေးစခန်းကို ပို့ဆောင်ခံရပါက ၆ လ ပြစ်မှုခံရမှာဖြစ်ပြီး ဒုတိယအကြိမ် ထပ်မံသုံးစွဲပါက အကျင့်စာရိတ္တပြုပြင်ရေးစခန်းကို ၃ နှစ်ကြာ ပို့ဆောင်ခံရမှာဖြစ်တယ်လို့ TNLA ကဆိုထားပါတယ်။

မိုးကုတ်မြို့ကို ပြီစခဲ့တဲ့ ၂၀၂၄ ဇူလိုင် ၂၄ ရက်မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ပူးပေါင်းတပ်တွေက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

စာတည်း – ကိုချမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။