စစ်ကိုင်း၊ မေ ၁၀၊ ၂၀၂၂။
စစ်ကိုင်းအတွင်းမှာ စစ်ကောင်စီမီးရှို့ခဲတဲ့ရွာတွေထဲက တရွာကို တအိမ်ထောင် ငါးသောင်းနှုန်းနဲ့ ကျားသစ်နက် PDF က လှူဒါန်းခဲ့ပါတယ်။
အိမ်ထောင်စု ၁၀၄ ခုစာ အတွက် ၅၂သိန်း နီးပါးကို အိမ်ပြန်ဆောက်ပြီးနေနိုင်ဖို့ တဖက်တလမ်းကနေ ကူညီထောက်ပံ့ပေးတာဖြစ်တယ်လို့ ကျားသစ်နက်အဖွဲ့ တာဝန်ခံက ပြောပါတယ်။
” နေထိုင်စရာခက်ခဲနေတဲ့ပြည်သူတွေအတွက် နေစရာရှိအောင်လှူတန်းပေးတာပါ၊ပြည်သူသာလျှင် အဓိက မို့ ပြည်သူ့အခက်အခဲသည် ကျားသစ်နက် ရဲ့ အခက်အခဲဟု ခံယူထားပါတယ်” လို့ ကျားသစ်နက် အဖွဲ့ တာဝန်ခံက ပြောပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ကောင်စီက မီးရှို့ခဲ့တဲ့ ကျေးရွာပေါင်းများစွာရှိပြီး နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၂၄၀,၆၀၀ ဦးရှိတယ်လို့ ဧပြီလ ၂၅ရက်နေ့အထိ United Nations OCHA Myanmar က ထုတ်ပြန်ထားပါတယ်။