myaelatt athan

Sharing Information to the Local

ကမ်ပိန်းရငွေနဲ့ မုံရွာခရိုင်တပ်ရင်း ၂၁ PDF ၉ ဦးကို ကျည်ကာပြားနဲ့ဦးထုပ်တွေ တပ်ဆင်ပေးနိုင်ခဲ့

အရာတော်၊ မတ် ၅၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အခြေစိုက် မုံရွာခရိုင်တပ်ရင်း ၂၁ Ngwe Dwin Revolution Force ရဲ့တပ်ဖွဲ့ဝင် ၉ ဦးကို ကျည်ကာပြားနဲ့ ဦးထုပ်တွေ တပ်ဆင်ပေးနိုင်ခဲ့တယ်လို့ တပ်စုမှူး ဗိုလ်စိုးကြီး ဆီက သိရပါတယ်။

အောက်တိုဘာ ၁ ရက်ကနေ နိုဝင်ဘာ ၁၅ ရက်အထိ တပ်ရင်း ၂၁ က ပြုလုပ်ခဲ့တဲ့ “ အားအင်အပြည့်ဖြင့်ဆက်တိုက်မယ်” ကမ်ပိန်း(Campaign) ကနေ ကျပ်သိန်း ၁၅၀ ပြည့်မီရရှိခဲ့ပြီး အဆိုပါရရှိငွေတွေကနေ တပ်ဖွဲ့ဝင် ၉ ဦးအတွက် L4 ကျည်ကာနဲ့ L4 ဦးထုပ်တွေ တပ်ဆင်ပေးနိုင်ခဲ့တာလို့ ဆိုပါတယ်။

“ကျည်ကာကမ်ပိန်းလုပ်ရတဲ့ ရည်ရွယ်ချက်က ရှေ့တန်းမှာတိုက်ပွဲဝင်နေတဲ့ရဲဘော်တွေ တခါတလေဆိုရင်ဘေးလွယ်အိတ်တွေနဲ့ တိုက်တာရှိတယ်။ ကျည်ကာတွေမပါပဲတိုက်တာရှိတယ်၊ အထိအခိုက်အနည်းဆုံးဖြစ်အောင်လို့ တပ်ဆင်တာပါ။” လို့ တပ်စုမှူး ဗိုလ်စိုးကြီးက ပြောပါတယ်။

မုံရွာခရိုင် တပ်ရင်း ၂၁ မှာ တပ်ဖွဲ့ဝင် အင်အား ၁၀၀ ကျော်ရှိပြီး လက်ရှိပြုလုပ်ခဲ့တဲ့ကမ်းပိန်းဟာ တပ်ခွဲ ၂ အတွက် တပ်ခွဲ ၁ ခွဲစာ ပြုလုပ်ခဲ့တာဖြစ်ကာ အဲ့ဒီတပ်ခွဲမှာ တပ်ဖွဲ့ဝင် ၂၀ ဦးအတွက် ကျည်ကာနဲ့ ဦးထုပ်တွေတပ်ဆင်ပေးဖို့ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။