myaelatt athan

Sharing Information to the Local

ရခိုင်အခြေစိုက် Narinijara သတင်းဌာနကို ရဲနှင့်စရဖများ လာရောက်စစ်ဆေးခဲ့၍ တိမ်းရှောင်နေရ

0
0

မြေလတ်အသံ၊ မေ ၇၊ ၂၀၂၂။

ရခိုင်‌အခြေစိုက်သတင်းဌာနတစ်ခုဖြစ်သည့် Narinijara သတင်းဌာနရုံး‌ဟောင်းရှိရာ စစ်တွေမြို့ ၊ မကျည်းမြိုင်ရပ်ကွက်ကို ယနေ့ မေလ ၇ ရက် နံနက် ၈ နာရီအချိန်ခန့်တွင် ရဲ၊ စရဖအဖွဲ့ဝင်များက လာရောက်စစ်ဆေးမေးမြန်းခဲ့ကြသည်ဟု သိရသည်။

စစ်တွေအမှတ် ၁ ရဲစခန်းမှ စခန်းမှူး၊ ဒုရဲအုပ်နှင့် အရပ်ဝတ်ဖြင့်လူ ၆ ဦးခန့်တို့ လာရောက်မေးမြန်း ခဲ့သဖြင့် ဝန်ထမ်းများမှာ ထွက်ပြေးတိမ်းရှောင် နေကြရသည်ဟု Narinijara သတင်းဌာနမှ တာဝန်ရှိအမျိုးသမီးတစ်ဦးကပြောသည်။

“သူတို့ရုံးဟောင်းကိုလာပြီးတော့ ဒီရုံးကလူတွေ ဘယ်ကိုရောက်သွားလဲလို့မေးတယ်လို့ သိရတယ်။ အဲဒီအိမ်မှာက အိမ်ကိုပြုပြင်နေကြတဲ့သူ တွေရှိတယ်။ ရဲတွေကသူတို့ကို ရုံးကလူတွေက ဘယ်ကိုပြောင်းသွားလဲလို့မေးတော့မသိဘူးလို့ပြောလိုက်တယ်လို့ပြောတယ်။ အမှန်လေ ကျွန်မတို့ဘယ်ကိုပြောင်းသွားလဲသူတို့မသိဘူး။ ရဲတွေက စာချုပ်ပြည့်လို့သွားကြတာလားလို့မေးတယ် လို့ပြောတယ်။” ဟု ပြောသည်။

ယခုလို ရဲနှင့် စရဖအဖွဲ့များက မည်သည့်အတွက် လာရောက်စုံစမ်းနေသည်ကိုမူ မသိရှိရသေးကြောင်း Narinijara သတင်းဌာနမှ တာဝန်ရှိအမျိုးသမီးတစ်ဦးကပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်း၌လည်း ရက္ခိုင့်တပ်တော် AA ၏ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ ကိုဆက်သွယ်သည်ဟုဆိုကာ တရားစွဲဆိုမှုများရှိခဲ့သည်ဟုဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အမှတ် ၁ ရဲစခန်းမှ စခန်းမှူးကို အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။

ရခိုင်ပြည်နယ်တွင် သတင်းဌာန ၅ ခုရှိသည်။ Narinjara၊ Development Media Group၊ Western News၊ Border News Agency၊ Voice Of Westland စသည်တို့ဖြစ်သည်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။