myaelatt athan

Sharing Information to the Local

တောင်ငူမြို့နယ် ပဲခူးရိုးမအတွင်းက စစ်ဘေးရှောင်များ စားစရာပြတ်လပ်နေ

0
0

ပဲခူး၊ ဧပြီ ၃၀၊ ၂၀၂၂။

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်အတွင်း ပဲခူးရိုးမတနေရာမှာ စစ်ဘေးရှောင်နေတဲ့ဒေသခံတွေ ဒီကနေ့ ဧပြီ ၃၀ ရက် မှာ စားစရာပြတ်လပ်နေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတချို့ထံက သိရပါတယ်။

အဲ့ဒီစစ်ဘေးရှောင်တွေဟာ တောင်ငူမြို့နယ်၊ မြာရွာကဖြစ်ပြီး မနေ့နေ့လည်ပိုင်းက စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးဝင်ရောက်လာကာ မြာကျေးရွာ အတွင်းကို လက်နက်ကြီးနဲ့ပစ်ခတ်နေတာကြောင့် မနေ့ကစတင်ပြီး ပဲခူးရိုးမထဲကို ထွက်ပြေးတိမ်းရှောင်နေရတာလို့ ဆိုပါတယ်။

“မနေ့ နေ့လည် ၁၂ နာရီလောက်မှာ စကစ က မြာရွာဘက်ကို စစ်ကြောင်းထိုးလာတယ်။ အဲ့ဒီကနေ ရွာနားမှာတပ်ချထားပြီး ရွာထဲကိုလက်နက်ကြီးနဲ့ပစ်လို့ မြာရွာကလူတွေ ပဲခူးရိုးထဲကိုထွက်ပြေးရတာ” လို့ အမည်မဖော်လိုတဲ့ စစ်ရှောင်တွေကိုကူညီပေးနေသူတဦးက မြေလတ်အသံကိုပြောပါတယ်။

မြာရွာက စစ်ဘေးရှောင်ဒေသခံ ၂၀၀ ကျော်ဟာ ဒီကနေ့မှာ စားနပ်ရိက္ခာပြတ်လတ်နေပြီး တခြားအကူ အညီတွေလည်းလိုအပ်နေတယ်လို့ သိရပါတယ်။

“မြာတရွာထဲကဘဲ လူ ၂၀၀ ကျော်။ ဒီတိုင်းထွက် ပြေးလာရတာဆိုတော့ ဘာမှမပါလာဘူး။ စားဖို့တောင်ခက်ခဲနေတယ်။ လောဆယ်အခြေခံစာကုန်လေးတွေ ဆန်၊ဆီ၊ဆား ဒါမျိုးတွေလိုအပ်နေတယ်။ တခြားလိုအပ်တာတွေလည်းအများကြီးပေါ့” လို့ သူက ဆက်လက်ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ရေတာရှည်နဲ့ တောင်ငူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်နေပြီး တိုက်ပွဲဖြစ်ပွားမှုအခြေအနေကိုတော့ ဒေသကာကွယ်ရေးတပ်တွေဘက်က ထုတ်ပြန်လာတာမျိုးတော့ မတွေ့ရသေးပါဘူး။

မနေ့က မြာရွာကို စစ်ကောင်စီတပ်တွေက လက်နက်ကြီးငယ်နဲ့ ပစ်၀င်လာပြီး ဘုန်းကြီးကျောင်းမှာ စခန်းချ တပ်စွဲထားတာကြောင့် မြာရွာဘုန်းကြီးလည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ မနေ့ကစလို့ တောင်ငူနဲ့ရေတာ ရှည်မြို့နယ်အစပ် ပဲခူးရိုးမတဝိုက်ကို စစ်ကြောင်းထိုးဝင်ရောက်ကာ မြာရွာအနီး ပဲခူးရိုးတနေရာမှာတပ်စွဲပြီး လက်နက်ကြီးနဲ့ပစ်ခတ်နေတာကြောင့် ရွာအတွင်းကိုပြန်လည်နေထိုင်ဖို့မဖြစ်နိုင်သေးဘူးလို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။