myaelatt athan

Sharing Information to the Local

ပြည်မြို့မှာ စစ်ကောင်စီက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးကို တနေ့တည်း ၂ကြိမ်ဖမ်းဆီး

0
0

ပဲခူး၊ ဧပြီ ၂၄၊ ၂၀၂၂။

ပဲခူးတိုင်း၊ ပြည်မြို့ မှာ စစ်ကောင်စီက နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အမျိုးသားတဦးကို မနက်တကြိမ်ဖမ်းကာ ပြန်လွှတ်ပေးခဲ့ပြီး ညပိုင်းမှာ ထပ်ပြီးဖမ်းဆီးသွားခဲ့ပါတယ်။

ဧပြီလ ၂၃ရက် မနေ့က မနက် ၁၀နာရီဝန်းကျင်မှာ တစ်ကြိမ်ဖမ်းဆီးခဲ့ပြီး ညနေ ၅နာရီမှာ လွှတ်ပေးခဲ့ပေမယ့် ည ၉နာရီခွဲမှာ ထပ်ပြီးလာဖမ်းသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

” မနက်ပိုင်းက ကျောင်းသားခေါင်းဆောင်တယောက်ဖုန်းဝင်လာပြီး၊ မေးစရာရှိလို့ဆိုပြီးဖမ်းသွားတာ၊ ညနေ ၅နာရီလောက်ပြန်ရောက်တယ်၊ ညက ကား၂စီးနဲ့ ထပ်ဖမ်းသွားတယ်” လို့ ပြောပါတယ်။

လက်ရှိဖမ်းခံလိုက်ရတဲ့ ပြည်မြို့က ကျော်ကျော်ဉာဏ်ဝင်း ဆိုသူဟာ ၅၀၅ က အမှုနဲ့ တရားစွဲဆိုခံရပြီးထောင်ကျနေရာက ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် အောက်တိုဘာလ ၁၈ရက်က ပြည်အကျည်းထောင်ကနေ ပြန်လွတ်မြောက်ထားသူတဦးလည်းဖြစ်ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။