မူကြိုတွင်ဝင်ဖမ်းသည့် ၃ နှစ်အရွယ်ကလေးနှင့်မိခင်အပါ ၁၂ ဦးဖမ်းဆီးထားမှု အသက်အန္တရာယ်ကိုစိုးရိမ်

0 6
0 6

မြေလတ်အသံ၊ ဧပြီ ၁၄၊ ၂၀၂၂။

မူကြိုကျောင်းတွင် ဝင်ဖမ်းခံရသည့် ၃ နှစ်အရွယ်သားငယ်နှင့် သူရဲ့အမေမခိုင်(အမည်လွှဲ) အပါအဝင် ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြိုနယ်၊ ပုလဲရှိ စတူရီယို တခုမှာ ဝင်ဖမ်းခံရသူများ အခြားဖမ်းဆီးသူ စုစုပေါင်း ၁၂ ဦးခန့်မှာ တပတ်ကျော်ကြာအထိ သတင်းမရသေးတဲ့အတွက် သူတို့ရဲ့ အသက်အန္တရာယ်ကိုစိုးရိမ်ကြောင်း Ghost Ranger အဖွဲ့ကပြောသည်။

ဧပြီလ ၅ ရက်နေ့က သားဖြစ်သူမွေးနေ့အတွက် မွေးနေ့ကိတ်ဝယ်အပြန် လမ်းတွင် ပေါက်ကွဲမှုဖြစ်ပွားရာက မခိုင် ဖမ်းဆီးခံရပြီး နာရီပိုင်းအကြာ Ghost Ranger များနေထိုင်သည်ဆိုသည့် ပုလဲရှိ စတူရီယို ကို စစ်ကောင်စီက အင်အားအများအပြားဖြင့် ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မူကြိုကျောင်း ၃ နှစ်အရွယ်ကလေးငယ်ကိုလည်း ဓါးစာခံအဖြစ်ဖမ်းဆီးသွားခဲ့သည်။

“မခိုင်အဖမ်းခံရပြီဆိုတဲ့သတင်းလည်းကြားပြီး သိပ်မကြာဘူး စတီရီယိုကိုဝင်စီးတယ်နောက် လမ်းမှာပဲအဖမ်းခံရတာတွေဆိုတာသေချာတယ် ဘယ်နေရာမှာဖမ်းသွားတယ်ဆိုတာမသိဘူး အိမ်တွေကိုရှာသိမ်းပြီးပြီ၊ သူတို့ကိုစိတ်ပူတယ်၊ အသက်အန္တရာယ်ကိုစိတ်ပူတယ်၊ သေဒဏ်ဆိုတာလည်းသိတယ်။ ဒါပေမယ့် ဥပဒေနဲ့အညီပေါ့အခုချက်ချင်းဖမ်းသတ်အဲလိုလုပ်လို့မရဘူး” ဟု Ghost Ranger အဖွဲ့မှ ဗိုလ်ဆင်ကျားက မြေလတ်အသံကိုပြောသည်။

ဖမ်းဆီးသူများတွင် မသက်ဆိုင်သူ အလုပ်သမား(၃) ဦးနှင့် ယင်းနေ့တွင် အဝတ်လျှော်စက်လာပြင်သူ တို့ ပါပါဝင်ခဲ့ပြီး ကလေးငယ်နှင့် ဒဏ်ရာရထားသူ မခိုင်အသက်အန္တရာယ်ကို စိုးရိမ်တယ်လို့ ဆိုသည်။

“သူတို့အသက်အန္တရာယ်ကိုစိုးရိမ်တယ်၊ အဓိကသူတို့ရှိသေးလား၊ ဘယ်လိုဆောင်ရွက်ထားလည်းသိချင်တယ်။ ဖမ်းပြီးဘာလုပ်လိုက်လည်း သူတို့လုပ်ရင် တာဝန်ခံမှုတာဝန်ယူမှုရှိရမယ်။ ဘယ်တပ်ပဲဖြစ်ဖြစ်ပေါ့၊ ကျနော်တို့လည်း ကျနော်တို့မိတဲ့သူတွေကို သုံ့ပန်းအဖြစ်ကောင်းကောင်းမွန်မွန်ထားတယ်။ ထွက်ပြေးဖို့လုပ်တဲ့သူတွေကို တချို့မလုပ်ချင်ဘဲလုပ်လိုက်ရတာရှိတယ်၊ ဘာပဲဖြစ်ဖြစ်ကျနော်တို့ သတင်းထုတ်ပြန်တယ်။ စစ်တိုက်တာပဲ သူ့တပ်ကိုယ့်တပ်စစ်စည်းကမ်းနဲ့အညီလုပ်ရမယ်၊ ယောင်္ကျားပီသရမယ်၊ လုပ်ရင်လည်းတရားဝင်ပြော” ဟု ဗိုလ်ဆင်ကျားကပြောသည်။

Ghost Ranger အနေဖြင့် ဆုံးရှုံးခဲ့ရမှုများအတွက် တုန့်ပြန်မည်ဖြစ်ပြီး ရန်ကုန်မြေအောက်လှုပ်ရှားမှုများနှင့် EAO များနှင့်ပူးပေါင်းကာ မြေပေါ်တိုက်ခိုက်မှုများကိုလည်း လုပ်ဆောင်နေပြီး နေရာတိုင်းတွင်ရှိနေကြောင်း ပြောသည်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။