myaelatt athan

Sharing Information to the Local

တပတ်အတွင်း နိုင်ငံတဝှမ်း တိုက်ပွဲ ၁၁၂ ကြိမ်နဲ့ ဗုံးပေါက်ကွဲမှု ၅၁ ကြိမ်ဖြစ်ပွား

0
0

မြေလတ်အသံ၊ ဧပြီ ၆၊ ၂၀၂၂။

မတ်လ ၂၇ ရက်ကနေ ဧပြီ ၂ ရက်နေ့အထိ တပတ်အတွင်း နိုင်ငံတဝှမ်းမှာ စစ်ကောင်စီနဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့ ( သို့ ) တိုင်းရင်သားလက်နက်ကိုင်တပ်ဖွဲ့တို့ တိုက်ပွဲပေါင်း ၁၁၂ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ကရင်နီအသံ – Karenni’s Voice က ဧပြီ ၅ ရက်မနေ့က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲအရေအတွက် ၃၀ ကျော်နဲ့ တိုက်ပွဲအများဆုံးဖြစ်ပွားခဲ့ပြီး၊ ကရင်ပြည်နယ်မှာတော့ အနည်းဆုံး ၁၄ ကြိမ်နဲ့ ဒုတိယအများဆုံးဖြစ်ပွားခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် တိုက်ပွဲမဟုတ်ပဲ ဗုံးပေါက်ကွဲမှု အနည်းဆုံး ၅၁ ကြိမ်ရှိခဲ့ပြီး ဒီပေါက်ကွဲမှုဟာ အရင်တပတ်ကထက် ၂ ဆနီးပါးမြင့်တက်လာခဲ့တယ်လို့ ဆိုထားပြီး၊ ရန်ကုန်တိုင်းမှာတော့ ၂၆ ကြိမ်နဲ့ အများဆုံးဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အဲ့ဒီထဲမှာ ဘယ်အဖွဲ့အစည်းက ဖောက်ခွဲမှန်းမသိရတဲ့ ပေါက်ကွဲမှု ၁၇ ကြိမ်ရှိခဲ့ပြီး၊ ဒီပေါက်ကွဲမှုတွေအတွင်း အရပ်သား ၃ ဦးလည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

မတ်လ ၂၈ ရက်က ကချင်ပြည်နယ်၊ ဗန်းမော်မြို့ ရော်ဘတ်နှစ်ခြင်းဘုရားကျောင်းအနီး ဗုံးပေါက်ကွဲမှုကြောင့် ဒေသခံအမျိုးသမီး တဦး သေဆုံးခဲ့သလို မတ်လ ၃၀ ရက်မှာလည်း ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ တော်ဝိစံပြရွာမှာ ဗုံးပေါက်ကွဲမှုကြောင့် ဒေသခံအမျိုးသားနှစ်ဦး သေဆုံးခဲ့တာဖြစ်ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။