myaelatt athan

Sharing Information to the Local

စစ်ဘေးရှောင်နေရသော ဒီးမော့ဆိုနှင့်နန်းမယ်ခုံ ပြည်သူ ၁ သောင်းကျော် စားစရာနှင့်နေစရာအခက်ခဲဖြစ်နေ

0
0

မြေလတ်အသံ၊‌ ဖေဖော်ဝါရီ ၂၆၊ ၂၀၂၂။

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်နှင့် နန်းမယ်ခုံမြို့တိုတွင် တိုက်ပွဲများပြင်းထန်ပြီး အကြမ်းဖက်စစ်ကောင်စီမှ လက်နက်ကြီးများနှင့် တိုက်လေယာဉ်များဖြင့် အလွန်အကျွံ နေ့စဉ်ရက်ဆက် ပြည်သူများနေထိုင်ရာ ကျေးရွာများအတွင်းသို့ တိုက်ခိုက်လာသောကြောင့် နေအိမ်များစွန့်ခွာ၍ စစ်ဘေးရှောင်နေရသူ ၁ သောင်းကျော်ရှိနေပြီဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို တာဝန်ခံထံမှသိရပါတယ်။

“စစ်ဘေးရှောင်နေရတာကတော့ ခုလက်ရှိစစ်ကောင်စီစစ်တပ်က မြေပြင်ကော ဝေဟင်နဲ့ကော နေ့ကောညကောတိုက်တဲ့အခါကြတော့ ပြည်သူတွေနေလို့မရတော့ပါဘူး၊ အရင်အဲဒီးနားတဝိုက်မှာ ရွာခံတွေလည်းပြေးရတဲ့အပြင် စစ်ဘေးရှောင်တွေပါထပ်ပြေးနေရတာ၊ မနေ့ညက စစ်ဘေးရှောင်လိုက်ကြတာ မိုးလင်းလောက်မှပဲပြီးသွားတယ်၊ခုစစ်ဘေးရှောင်ရတာ သောင်းဂဏန်းလောက်ရှိပါပြီ၊ တချို့စစ်ဘေးရှောင်တွေကြတော့ ဆွေမျိုးအသိုင်းအဝိုင်းလည်းမရှိဘူး၊ ဘယ်နားသွားရမယ်ဆိုတာ သူတို့မသိရှာဘူး၊” ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို တာဝန်ခံက ပြောပါတယ်။

ဆက်သွယ်လာသော စစ်ရှောင်များထဲမှမိသားစု ဆွေမျိုးမရှိသူများကို ကားများစီစဉ်ပေးခြင်း နှင့် စားစရာများ တတ်နိုင်သလောက် ကူညီထားပေမယ့် လိုအပ်နေဆဲဖြစ်ကြောင်း ဆိုပါတယ်။

“လက်ရှိစစ်ဘေးရှောင်တွေအတွက် နေဖို့စခန်းတွေလိုမယ်၊ နေထိုင်ဖို့အဆောက်အဦးလေးတွေလိုမယ်၊ အမိုးအကါအစားအသောက်လေးတွေ အဲဒါတွေအများလိုနေပါတယ်၊ ကျန်းမာရေးအပိုင်းကြတော့ ကျနော်တို့ PDFကနေနယ်လှည့်ပြီးဆေးကုပေးနေတာတွေရှိပါတယ်၊ ကျန်းမာရေးအပိုင်းတော့နည်းနည်းခံသာပါတယ်၊ ခုစစ်ဘေးရှောင်တွေအတွက်လိုအပ်နေတာကတော့ ဆန် ဆီ ဆား ရိက္ခာတွေလိုအပ်နေပါတယ်” လို့ တာဝန်ခံက ဆက်လက်ပြောပါတယ်။

ကရင်နီ(ကယား)ပြည်နယ် တွင်း စစ်ကောင်စီဘက်က ဝေဟင်မြေပြင်ဘက်ပေါင်းစုံက သာလွန်အင်အားများဖြင့် အကြမ်းဖက်ထိုးစစ်ဆင်နေပြီး ကျေးရွာများကို ပစ်မှတ်ထား ပစ်ခတ်ခြင်း မီးရှို့ခြင်း ဖမ်းဆီးသတ်ဖြတ်ခြင်းများကို လုပ်ဆောင်နေသည်မှာ ၁၀ ရက်ကျော်ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း ဒေသခံများထံကသိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။