ချောက်၊ မတ် ၈၊ ၂၀၂၅။
မတ် ၈ ရက် ဒီနေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် တော်လှန်သပိတ်တခုပြုလုပ်ခဲ့တယ်လို့ ချောက်မြို့တော်လှန်အမျိုးသမီးများအဖွဲ့ဆီမှ သိရပါတယ်။
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို အသိအမှတ်ပြု ပြုလုပ်တာဖြစ်ပြီး အမျိုးသမီးတွေဟာ နေရာတိုင်းမှာပါဝင်နိုင်၊ ဦးဆောင်နိုင်စွမ်းရှိတယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ခဲ့တာလို့ ချောက်မြို့ တော်လှန်အမျိုးသမီးများအဖွဲ့ဝင်တဦးက ဆိုပါတယ်။
အဆိုပါသပိတ်လှုပ်ရှားမှုမှာ “ရဲရင့်တဲ့ အမျိုးသမီးတယောက်ဖြစ်နေလို့ ဂုဏ်ယူတယ်”၊ “မျိုးချစ်သူရဲကောင်းတွေ မွေးထုတ်ပေးတဲ့ မာတာအမိဆိုတာ အမျိုးသမီးပါ”၊ “ဘက်စုံတော် ထူးချွန်တာ ကျမတို့ပါ”ဆိုတဲ့ အမျိုးသမီးတွေရဲ့အသံတွေကို ကိုယ်စားပြု ထွက်ဆိုပေးခဲ့ကြပြီး တော်လှန်ရေးထဲမှာပါဝင်ခဲ့တဲ့အမျိုးသမီးတွေ၊ ပြည်သူတွေနဲ့အတူ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုခဲ့တယ်လို့ သိရပါတယ်။

