နတ်တလင်း PDFက ဒုတပ်ခွဲမှူး လက်နက်ချပြီးနောက် အဖမ်းခံရတဲ့ဆေးတပ်ဗိုလ်ကြီးဟောင်း နှိပ်စက်ခံရလို့ ဆေးကုနေရ

0 0
0 0

ပဲခူး၊ မတ် ၂၂၊ ၂၀၂၂။

နတ်တလင်းမြို့ PDFဒုတပ်ခွဲမှူးတဦး မတ်လ၁၂ရက်က ဇီးကုန်းရဲစခန်းမှာ လက်နက်ချပြီးနောက် ဖမ်းဆီးခံရသူတွေထဲက ဆေးတပ်ဗိုလ်ကြီးဟောင်း တဦးဟာစစ်ကြောရေးမှာ နှိပ်စက်လို့ ဆေးကုသနေရပါတယ်။

ဒဏ်ရာရ PDFရဲဘော်တဦးကို ဆေးကုပေးတယ်ဆိုကာ ဆေးတပ်ဗိုလ်ကြီး‌ဟောင်းကို ဖမ်းဆီးတာဖြစ်တယ်လို့ သိရပါတယ်။

“လောလောဆယ် ကွင်းဆက်အနေနဲ့ဖမ်းတာက ဇီးကုန်းမြို့အမှတ်၁ရပ်ကွက် မြို့သစ်၉လမ်းက ဆေးတပ်ဗိုလ်ကြီးဟောင်း ကိုမျိုးလင်းဌေးနဲ့ ဒေါ်တင်မာလာလင်း(ခ)မစိုစိုး တို့ကို PDFတွေကိုကူညီတယ် ဆေးကုပေးတယ် သတင်းရလို့ ဆိုပြီးဖမ်းသွားတယ် အကြမ်းဖက်ပုဒ်မနဲ့ အမူဖွင့်ထားတယ် “လို့ ရဲတပ်ဖွဲ့ဝင်နဲ့ နီးစပ်သူတဦးက မြေလတ်အသံကို ပြောပါတယ်။

တောင်ရေကန်သံဃာတပါး နဲ့ ကန်ဦးရိပ်သာကသံဃာတပါး အပါအဝင်အခြား ပြည်သူ တဒါဇင်ကျော်ကိုလည်း စစ်ကောင်စီက ဖမ်းဆီးထားပြီး ကိုမျိုးလင်းဌေးနဲ့ ဒေါ်တင်မာလာဝင်းတို့ နှစ်ဦးကို အကြမ်းဖက်ပုဒ်မ ၅၂(က)/၅၀(ည) ဒေသခံတဦးကပြောပါတယ်။

လက်နက်ချအဖမ်းခံသူ ကိုမျိုးဝင်းဟာ နတ်တလင်းမြို့နယ်သားတဦးဖြစ်ပေမယ့် ဘယ်PDFအဖွဲ့ကဆိုတာမသိရသေးသလို သူအဖမ်းခံပြီးနောက်ပိုင်းဖမ်းဆီးခံထားရသူဦးရေနဲ့ စွတ်စွဲထားတဲ့ ပုဒ်မတွေအပြင် လက်ရှိသူတို့ရဲ့ ကျန်းမာရေးအခြေအနေတွေကို မြေလတ်အသံက စုံစမ်းနေဆဲဖြစ်ပါတယ်။

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။