သာယာဝတီမှာ CDM သူနာပြုဆရာမကြီးတစ်ဦးကို စစ်ကောင်စီဖမ်းဆီး

0 2
0 2

ပဲခူး၊ မတ် ၁၈၊ ၂၀၂၂။

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့က သူနာပြုဆရာမတဦး ဒီနေ့ မနက်ပိုင်း နေအိမ်မှာ လာပြီးဖမ်း‌ခေါ်သွားတယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။

သာယာဝတီခရိုင်ဆေးရုံက အသက်၄၀ ဝန်းကျင် သူနာပြုဆရာမကြီး ဒေါ်ဥမ္မာကြည်ကို မတ်လ ၁၈ရက် ဒီနေ့ မနက် ၇နာရီ ဝန်းကျင်က ဒလံသတင်းပေးမှုကြောင့် ဓမ္မရိပ်သာလမ်းက အိမ်မှာ ဖမ်းခံလိုက်ရတာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

” အိမ်ပြန်‌ရောက်တာ ၂ရက်လောက်ပဲ ရှိသေးတာကို ဒလံသတင်းပေးမှုကြောင့် ရဲနဲ့ စစ်သား ၁၅ယောက်ဝန်းကျင်နဲ့ လာဖမ်းသွားတာ၊ လမ်းပိတ်ဖမ်းတာ သူ့အမျိုးသားကို ဆိုင်ကယ်မောင်းခိုင်းပြီး ခေါ်သွားတာ ” လို့ ဒေသခံတဦးက ပြောပါတယ်။

အမျိုးသားဖြစ်သူကတော့ နေအိမ်မှာ ပြန်ရောက်နေပြီး သူနာပြုဆရာမကိုတော့ သာယာဝတီရဲစခန်းမှာဖမ်းဆီးထားတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။