ပြည်မြို့နယ်က နေအိမ် ၄၀၀ ကျော်ကို မနက်ဖြန် အပြီးဖျက်ပေးရမယ်လို့ စစ်ကောင်စီခြိမ်းခြောက်

0 3
0 3

ပဲခူး၊ မတ် ၉၊ ၂၀၂၂။

ပဲခူးတိုင်း၊ ပြည်မြို့က နေအိမ် ၄၀၀ နီးပါးနဲ့ လမ်းနယ်နဲ့ မလွတ်တဲ့ ဆိုင်နေရာတွေကို မနက်ဖြန်အပြီးဖျက်သိမ်းပေးရမယ်လို့ စစ်ကောင်စီက ဖိအားပေးခြိမ်းခြောက်ထားပါတယ်။

မတ်လ ၁၀ရက် မနက်ဖြန် အပြီးကိုယ်တိုင်ဖျက်ပေးရမှာ ဖြစ်ပြီး မဖျက်ပေးရင် အင်အားသုံးဖျက်ဆီးမှာ ဖြစ်သလို နောက်ဆုံး ဘူဒိုဇာနဲ့ ထိုးပြီး ဖျက်ဆီးမယ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” မြို့ထဲက အိမ်နဲ့ ဆိုင်တွေကတော့ လမ်း နယ်နမိတ်နဲ့မလွတ်တာတွေကို ရွေ့ပြောင်းခိုင်းတာ မဖယ်ဘူးဆိုရင် တအိမ်ကို တပေ ၁၀၀၀ ကျပ်နဲ့လဲ ဒဏ်ရိုက်မယ်၊ဘူရိုဇာနဲ့လဲအထိုးခံရမယ်၊အဲ့ဒိအချိန်ကျ ဘာပစ္စည်းမှပြန်မရတော့ဘူးလို့ စခ တွေက ခြိမ်းခြောက်ပြောဆိုသွားပါတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

ပြည်မြို့နယ်အတွင်းဖျက်ပေးရမယ့် အိမ်တွေက ရွှေတံခါးကွက်သစ် ၃၁၆ လုံး၊ မှုတ်ရှည်ရွာက ၄၁လုံး နဲ့ မှော်ဇာရွာ ၁၆ ၊ မု‌ဌောရွာက ၁၅ လုံး စုစုပေါင်း ၃၈၈ လုံး နဲ့ ပြည်မြို့တွင်း လမ်းနယ်နမိတ်က နေအိမ်နဲ့ ဆိုင်ခန်းတွေလည်း ပါဝင်ပါတယ်။

မတ်လ ၄ရက်က ရွှေတံခါးဘူနားအနီးက ‌နေအိမ်အချို့ကို ဖျက်ဆီးခဲ့ပြီး မတ်လ၈ရက် မနေ့က နဝဒေးလမ်း ငွေစံအိမ်နဲ့ ရွှေပေါက်ပင်အနီးက ဆိုင်တွေ ကို ဘက်ဟိုးကားနဲ့ ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

“ရတနာမာန်အောင် ကွက်သစ် ဓမ္မဝါဒီကျောင်းရှေ့က အိမ်တွေရောပဲဖျက်ရမယ်တဲ့၊ အဲ့မှာ ဖယ်ရမဲ့ အထဲ Beauty Saloon တခုတောင် ပါသေးတယ် ပြီးခဲ့တဲ့ ရက်တွေ တုန်းက နေ့တိုင်း မဟုတ်ပေမယ့် သုံးလေးခါရှိပြီတဲ့ မြေကြီးတွေ လာလာကြည့်တာ”လို့ နောက်ထပ်ဒေသခံတဦးက ပြောပါတယ်။

ပြည်မြို့မှာ လမ်းနယ်နမိတ်နဲ့ မလွတ်သူတွေနဲ့ ကျူးကျော်နေထိုင်သူတွေရဲ့ နေအိမ်တွေအပါအဝင် အားလုံးပေါင်းဖျက်သိမ်းပေးရမဲ့ အရေအတွက် ၄၀၀ ကျော် ၅၀၀ နီးပါးအထိရှိနေပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။