myaelatt athan

Sharing Information to the Local

တိုက်ပွဲဖြစ်ပွားရာ ပဲခူးရိုးမနေရာများတွင်သွားလာခြင်းမပြုရန် ဘုရင့်နောင်တပ်ရင်းက ပြင်းထန်စွာတားမြစ်

0
0

ပဲခူး၊ မတ် ၈၊ ၂၀၂၂။

တောင်ငူခရိုင်၊ ပဲခူးရိုးမ၊ ရကိုင်းချောင်းရိုး တွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သားများနှင့် တပ်ရင်းအမှတ်(၃၅၀၁) ဘုရင့်နောင်တပ်ရင်းတို့ ထိတွေ့တိုက်ပွဲများဖြစ်ပွားပြီးနောက် ပြန်လည်ဆုတ်ခွါသွားသော စစ်ကောင်စီတပ်သားများက တောင်ခြေရွာများတွင် တပ်စွဲထားပြီးတောင်ပေါ်များသို့ ဒေသခံပြည်သူအသွင်ယူကာ သတင်းထောက်လှမ်းမှုများ ပြုလုပ်နေ၍ ပြည်သူများကို ဖြတ်သန်းသွားလာခြင်းမပြုလုပ်ရန် တားမြစ်ခြင်းဖြစ်သည်။

ရိုးမပေါ်သို့ PDF သတင်းများရယူရန် အသွင်ယူလာနေသော စကစ တပ်ဖွဲ့ဝင်များကို မတ်လ ၈ ရက်နေ့က စတင်ပြီး ပြတ်ပြတ်သားသား ချေမှုန်းမည်ဖြစ်ပြီး မိုင်းဆွဲ၊ ပစ်ခတ်တိုက်ခိုက်သွားမည်ဖြစ်ရာ ရွာသူရွာသားများ သွားလာခြင်းမပြုရန်နှင့် နောက်ဆက်တွဲ နစ်နာမှုများအား တာဝန်ယူမည်မဟုတ်ကြောင်း ပြတ်ပြတ်သားသား သတိပေးကြေညာထားသည်။

“စကစ အင်အားတွေကတော့ တောင်ခြေရွာတွေမှာရှိနေတယ်။ အင်အားအလုံးအရင်းနဲ့ ဖြတ်တောက်ပိတ်ဆို့တဲ့အနေအထားနဲ့ တပ်ဆွဲထားပြီးတော့ သတင်းထောက်လှမ်းနေတာတွေရှိတယ် အဲမှာကျတော်တို့ ၈ ရက်နေ့ နောက်ဆုံးထားချေမှုန်းသုတ်သင်မယ်လို့ထုတ်ထားတဲ့စာအရ သူတို့ဘက်ကလည်း ရွာတွေမှာ လိုက်ပြီးသတိပေးကြေညာထားတယ် တောမတက်ကြဖို့ တောင်ပေါ်ကလူတွေလည်း အောက်မဆင်းကြဖို့ ဒါမျိုးတွေကြေညာထားတော့ သူတို့ခွေးဇာတ်ခင်းမယ်ဆိုတာ သိထားတော့ ရွာသူရွာသားတွေက ထွက်မှာမဟုတ်ဘူး အဲတော့သေချာတယ် လမ်းပေါ်ရှိတဲ့ကောင်တွေက ဒီကောင်တွေပဲအဲ့လိုမှတ်ယူတယ်” ဟု တပ်ရင်းအမှတ်(၃၅၀၁) ဘုရင့်နောင် တပ်ရင်းတာဝန်ခံက မြေလတ်အသံကိုပြောသည်။

စစ်ကောင်စီဘက်က ဆိုင်ကယ်၊ ဖောကားများဖြင့် ဒေသခံများ တောတက်ဟန်အယောင်ဆောင်ကာ သတင်းထောက်လှမ်းမှုများကို အချိန်မရွေးလုပ်ဆောင်နေခြင်း ဖြစ်ပြီး ပြတ်ပြတ်သားသား ချေမှုန်းတိုက်ခိုက်မည်ဖြစ်ကြောင်း ဆိုသည်။

“ကျတော်တို့ မိုင်းထောင်ထားတွေရှိတယ် တပ်အဆင့်လိုက် ဖြန့်ခွဲပြီးအနီးကပ်နေရာတွေမှာ စောင့်ကြပ်ကြည့်ရှုနေတာတွေရှိတယ် မိလာခဲ့ရင် နှိပ်စက်ညှင်းပမ်းတာတွေကို ခွင့်ပြုမထားဘူး အားလုံးကိုလည်း မှာကြားထားတယ် ဒီမိလာတဲ့စကစတပ်ဖွဲ့ဝင်တွေကို အေးဆေးမေးမြန်းမယ် ကျတော်တို့အချက်အလက်တွေရယူမယ် ဒါက ပထမအဆင့် ဒုတိယအဆင့်အနေနဲ့စည်းရုံးသိမ်းသွင်းမယ် တတိယအဆင့်အနေနဲ့ ရှင်းသင့်ရင်ရှင်းမယ် ဒီလိုစီမံထားတယ်။” ဟု ၎င်း ကဆက်လက်ပြောသည်။

ပြီးခဲ့သည့် မတ်လ ၄ ရက်နေ့ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၈ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ များလည်းရှိခဲ့သည်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။