myaelatt athan

Sharing Information to the Local

ချောက်မြို့မှာ အသက်မပြည့်သေးသူ ကလေးသူငယ် ၂၀ဦးနီးပါးဖမ်းဆီးခံရပြီးဆေးလိပ်မီးနဲ့ပါတို့ပြီး စစ်ဆေးခံနေရဟုဆို

0
0

မကွေး၊ ဖေဖော်ဝါရီ ၂၅၊ ၂၀၂၂။

မကွေးတိုင်း၊ ချောက်မြို့မှာ ဖေဖော်ဝါရီ ၂၁ရက်က အသက်မပြည့်သေးတဲ့ ကလေးသူငယ် ၃ဦးကို စတင်ဖမ်းဆီးခဲ့ရာကနေ ဒီကနေ့အချိန်အထိ ကလေးသူငယ် ၂၀ဦး နီးပါစ ဖမ်းဆီးခံထားရတယ်လို့ ဒေသခံအချို့ဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက် ညနေ ၅ နာရီဝန်းကျင်က စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုစာရွက်များကိုင်ထားတဲ့ ကလေးသူငယ် ၃ ဦးကို ချောက်မြို့၊ ရွှေပုံတောင် စိမ်းလန်းစိုပြေရေးနယ်မြေမှာ ဖမ်းဆီးသွားခဲ့ပြီး နောက်ထပ် သူငယ်ချင်းဖြစ်သူတွေကိုပါ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ဖမ်းခံရတဲ့အခါမှာ ကလေးတွေကို ပါးတွေရိုက် ကန်ကျောက်ပြီးတော့ ယောင်္ကျားလေးတွေ ဘာတွေဆိုရင် အင်္ကျီတွေ ဘာတွေချွတ်ပြီးဒီတိုင်းကို ပစ်ထားတယ် ၊ နောက်တခုက ဦးဆောင်လှုပ်ရှားသူလို့ ယူဆထားတဲ့ ကလေးရဲ့ အမျိုးသားလိင်အင်္ဂါကို ဆေးလိပ်မီးနဲ့တို့ပြီး လူမဆန်စွာ စစ်ဆေးနေတယ်လို့ သိရပါတယ်” လို့ မကွေးလူထုလှုပ်ရှားမှု ဦးဆောင်ကော်မတီက ကိုချစ်ဝင်းမောင်က ပြောပါတယ်။

ဖမ်းဆီးခံထားရသူ ကလေးသူငယ်အားလုံးဟာ ချောက်မြို့ ဒေသခံတွေဖြစ်ပြီး အနည်းဆုံးအမျိုးသမီးငယ် ၅ဦး ပါဝင်ကာ ၈တန်း၊ ၉တန်း ၁၀တန်းအရွယ်ကလေးတွေ ဖြစ်တယ်လို့ ပြောပါတယ်။

လက်ရှိအချိန်အထိ စစ်ကောင်စီက ဖမ်းဆီးထားတဲ့ ကလေးသူငယ်တွေ အားလုံးကို မိသားစုနဲ့အဆက်အသွယ်ဖြတ်ထားပြီး ချောက်မြို့က ဗိုလ်အိမ်ခြောက်ဆယ်မှာ ဖမ်းဆီးထားတာဖြစ်တယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။