နတ်တလင်းမြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားနေ

0 3
0 3

ပဲခူး၊ ဖေဖော်ဝါရီ ၂၄၊ ၂၀၂၂။

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်ထဲက တောင်ညိုဒေသမှာ မနေ့ကမနက်က မိုင်းဆွဲတိုက်ခိုက်ခံရလို့ စစ်ကောင်စီဘက်က ၅ ဦးသေဆုံးခဲ့ပြီး၊ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေဟာ ဖေဖေါ်ဝါရီ ၂၃ ရက်ဒီနေ့မှာ တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့ နတ်တလင်းမြို့ခံတွေဆီက သိရပါတယ်။

နတ်တလင်းမြို့အရှေ့ဘက်မှာ မကြာခဏဆိုသလို ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတို့တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က သေဆုံးမူတွေရှိခဲ့တယ်လို့ သိရပါတယ်။

“မနေ့ကလည်းတိုက်ပွဲဖြစ်သေးတယ်။ နတ်တလင်း PDF က ကြေညာတယ်။ ဒီနေ့လည်းထပ်ဖြစ်နေပြန်ပြီ အကျိုးအကြောင်းကိုတော့ မသိရသေးဘူး မနေ့ကအထိနာလို့ ဒီနေ့စစ်ခွေးတွေ ပြန်တိုက်တာနေမယ်” လို့ PDF နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

အခုတိုက်ပွဲကို ဒေသတွင်းက ပြည်သူ့ကာကွယ်ရေးတပ်တွေက ဝိုင်းကူတိုက်ခိုက်ပေးတယ်လို့လည်း သိရပြီး၊ ဘယ်အဖွဲ့ပါဝင်တယ်ဆိုတာကိုတော့ အတည်ပြုလို့မရသေးသလို ထိခိုက်သေဆုံးမူကိုလည်း မသိရှိရသေးပါဘူး။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၁၇ ရက်နေ့ညနေကလည်း နတ်တလင်းမြို့အရှေ့ဘက်၊ ရေကြည်ရွာကနေသရက်မြောင်ရွာကို စစ်ကြောင်းသွားနေတဲ့ စစ်ကောင်စီကို မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၅ ဦးသေဆုံးခဲ့အပြီး နောက်နေ့ကစလို့ နတ်တလင်းမြို့မှာ စစ်တိုင်းမှူးကိုယ်တိုင်လာရောက် စခန်းချနေပြီး လူငယ်အများအပြားလည်း ဖမ်းဆီးခံရတယ်လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။