နတ်တလင်းမှာ စစ်ကောင်စီက အသက်မပြည့်သေးတဲ့ မိန်းခလေးနဲ့ ကလေးသူငယ်တွေကို ဖမ်းဆီးနေ

0 1
0 1

ပဲခူး၊ ဖေဖော်ဝါရီ ၁၉၊၂၀၂၂။

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့မှာ စစ်ကောင်စီက အခုရက်ပိုင်းအတွင်း အသက်မပြည့်သေးတဲ့ အပြစ်မဲ့ မိန်းခလေးတွေနဲ့ လူငယ်တွေကို အဖမ်းအဆီးကြမ်းနေသလို ဖေဖေါ်ဝါရီ ၁၈ ရက် မနေ့ကလည်း ဖမ်းဆီးမူတွေပြုလုပ်ရာမှာလည်း အသက်မပြည့်သေးတဲ့ ကလေးငယ် ၄ ဦး ပါဝင်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

မနေ့က ဖမ်းဆီးခံရသူ ၆ ဦးဖြစ်ပြီး ၄ ဦးဟာ အသက် ၁၈ နှစ်အောက် ကလေးငယ်တွေဖြစ်တယ်လို့ သိရပါတယ်။

“ခလေးသူငယ်အခွင့်အရေး ချိုးဖောက်တာဖြစ်တယ်။ လူငယ်တွေကြား မလုံခြုံမူတွေဖြစ်နေတယ်။ တိမ်းရှောင်ကြတာတွေ မိဘတွေ စိတ်ပူကြတာတွေ ဖြစ်နေတယ်” လို့ မြို့ခံတဦးက ပြောပါတယ်။

၁၈ နှစ်အောက် ဖမ်းဆီးခံသူတွေကတော့ မမှူးမြတ်ကိုကို ၁၄ နှစ် သရက်တောလမ်း၊ မခင်ငြိမ်းချမ်း ၁၄ နှစ် ရိပ်သာ၂လမ်း၊ မအေးပြည်စုံ ၁၇ နှစ် ဇေယျဝတီကျောင်းအနီး၊ မောင်အာကာဖုန်းမြတ် ၁၅ နှစ် မြန်မာဆွေလမ်းနေသူတို့ ဖြစ်တယ်လို့ သိရပါတယ်။

ယခင်ရက်ကလည်း ဖမ်းဆီးမူတွေရှိခဲ့တာကြောင့် မြို့နယ်အတွင်းဖမ်းဆီးခံထားရတဲ့ လူငယ်ဦးရေဟာ ဒီထက်ပိုများနိုင်​တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

“တချို့မိဘတွေက သူတို့သားသမီးတွေကို နှိပ်စက်ခံရမှာစိုးလို့ ဘယ်ကိုမှမဆက်သွယ်ကြဘူး။ ဖမ်းဆီးခံ လူငယ်ဦးရေဟာ ဆယ်ဂဏန်းကျော်ရှိတယ်။ မိန်းကလေးငယ်တွေလည်း ပါတယ်” လို့ မြို့ခံတဦးက ပြောပါတယ်။

ယခင်ရက်ကလည်း ဖမ်းဆီးမူတွေရှိခဲ့တာကြောင့် မြို့နယ်အတွင်း ဖမ်းဆီးခံထားရတဲ့ လူငယ်ဦးရေဟာ ဒီထက်ပိုများနိုင်​သလို နှိပ်စက်စစ်ဆေးမူတွေအတွက်လည်း စိုးရိမ်နေကြတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။