ရွှေဘိုက ရွာတရွာကို စစ်တပ်ကမီးရှို့လို့ ရွာသားတွေထွက်ပြေးနေရ

0 4
0 4

စစ်ကိုင်း၊ ဇန်နဝါရီ ၂၆၊၂၀၂၂။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပေါက်ချိုင်ရွာကို ဇန်နဝါရီ ၂၆ ရက် ဒီနေ့မနက် ၇ နာရီလောက်မှာ စစ်တပ်က မီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အင်အား ၁၅၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်တွေဟာ မနေ့က ညပိုင်းကတည်းက အဲဒီရွာထဲကို မီးဝင်ရှို့နေတာဖြစ်ပြီး မီးမရှို့ခင်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“မနေ့ညပိုင်း ၇ နာရီခွဲလောက်မှာ ရှို့တာပါ။ ရွာသားတွေ အကုန်ရှောင်ပြေးနေရတယ်။ ဒီနေ့မနက် ၇ နာရီမှာလည်း ထပ်ရှို့နေကြတယ်။ အခုတော့ ငြိမ်းသွားပြီ၊ ရွာစိုးရွာကို ရှို့တာလောက်တော့ မဆိုးဘူးလို့ သုံးသပ်ရတာပဲ၊ အိမ်ခြေဘယ်လောက် အထိအခိုက် ရှိမလဲဆိုတာ အတည်မပြုနိုင်သေးဘူး။“ လို့ သူက ပြောပါတယ်။

ပေါက်ချိုင်ရွာမှာ အိမ်ခြေ ၂၅၀ ဝန်းကျင်နဲ့ လူဦးရေ ၁၅၀၀ ကျော်ရှိပြီး ရွာလုံးကျွတ်နီးပါး ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့လည်း ဒေသခံတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက် ညနေ ၅ နာရီကလည်း အဲ့ဒီစစ်ကောင်စီတပ်သားတွေကပဲ ရွာစိုးရွာကို ရွာလုံးကျွတ်မီးရှို့ခဲ့ပြီး၊ လက်ရှိအချိန်မှာတော့ ပေါက်ချိုင်ရွာအနားမှာ တပ်စွဲထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပေါက်ချိုင်ရွာအပါအဝင် ရွှေဘိုမြို့နယ်ထဲက ရွာစိုး၊ သပြေကန်၊ ရေကြည်ဝ၊ သံပုရာခြံ၊ ထူးကြီး၊ တည်ပင်၊ စောင်တန်း၊ သန်းတော၊ ဝါးရုံကန် စတဲ့ရွာတွေကိုလည်း မကြာခဏဆိုသလို စစ်တပ်က ဝင်ရောက်ရှာဖွေဖျက်ဆီးတာတွေလုပ်တာကြောင့် ဒေသခံတွေလည်း ဘေးလွတ်ရာကိုတိမ်းရှောင်နေကြရပြီး လက်ရှိအချိန်မှာ စစ်ဘေးရှောင် ဦးရေ ၁ သောင်းကျော်ရှိနေပြီလို့လည်း ဒေသခံတွေဆီကသိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။