myaelatt athan

Sharing Information to the Local

စစ်ရှောင်စခန်းမှာ အမျိုးသမီးအတွင်းခံမလုံလောက်လို့ မဝတ်ရတဲ့အပေါ်မှာ အမျိုးသမီးငယ်တွေ စနောက်ပြောဆို ခံနေရ

0
0

မြေလတ်အသံ၊ ဇန်နဝါရီ ၁၅၊၂၀၂၂။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်းက မြိုတိုင်းရင်းသား စစ်ရှောင်စခန်းမှာ အမျိုးသမီးအတွင်းခံ လုံလောက်မှုမရှိလို့ အပျိုဖော်ဝင်စ အမျိုးသမီးငယ်တွေ စိတ်လုံခြုံမှုမရှိဖြစ်နေကြရတယ်လို့ တောင်မင်းကုလားစစ်ဘေးရှောင်စခန်းတာဝန်ခံဆီက သိရပါတယ်။

အမျိုးသမီးအတွင်းခံမလုံလောက်လို့ အမျိုးသမီးငယ်တွေ မဝတ်ရသလို အမျိုးသားတချို့ရဲ့ စနောက်ပြောဆိုခြင်းကို ခံနေရတာတွေလည်းရှိတယ်လို့ တောင်မင်းကုလား စစ်ရှောင်စခန်းက အမျိုးသမီးတာဝန်ခံ မအေးခင်က ပြောပါတယ်။

“အမျိုးသမီးအသုံးပစ္စည်းတွေလည်း တအားလိုတယ်၊ အဲ့လိုမျိုး အခက်အခဲက တလတကြိမ် ခဏခဏ ဖြစ်တာပေါ့နော်၊ အမျိုးသမီး ကောင်မလေးတွေက အပျိုပေါက်လေးဖြစ်နေပြီ၊ အဝတ်အစားတော့ ဝတ်နိုင်ပြီ ကောင်လေးတွေက သူတို့ကို မြင်လို့ရှိရင်၊ ဟဲ့နင့်မှာ ဟိုဟာဖြစ်နေပြီ၊ ဘာဖြစ်နေပြီပေါ့၊ ပြီးရင် သူတို့မှာ ဘယာစီယာ မဝတ်ရလို့လေ” လို့ မအေးခင်က ပြောပါတယ်။

အဲ့ဒီလို အခက်အခဲတွေ ရှိနေတာကြောင့် အဖွဲ့အစည်းတချို့ကို တောင်းပေးပေမယ့်လည်း တယောက်တထည်နှုန်းပဲ ရတာကြောင့် လိုအပ်နေသေးတာဖြစ်တယ်လို့ ပြောပါတယ်။

အဲ့ဒီစစ်ရှောင်စခန်းမှာ အမျိုးသမီးဦးရေ ၂၀၀ ကျော်ရှိပြီး ကလေးသူငယ် ၁၀၀ ကျော်ရှိနဲ့ မသန်စွမ်း ၈‌ ဦး ရှိနေပါတယ်။

၂၀၁၈၊ ဒီဇင်ဘာ ၂၂ရက် ကျောက်တော်မြို့နယ် ပါချေရွာ၊ ပညာဝရွာနဲ့ ငစွယ်ရွာစတဲ့ မြိုတိုင်းရင်းသား ရွာတွေမှာ ရခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်ချိန်မှာ တိမ်းရှောင်လာခဲ့တာဖြစ်လို့ အခုတောင်မင်းကုလား စစ်ရှောင်စခန်းက ၃ နှစ်နီးပါး သက်တမ်းရှိပြီဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိစစ်ကောင်စီက လူတဦးကို ၅ သိန်းပေးပြီး မိမိနေရပ်ပြန်နေနိုင်ပြီ ဖြစ်တယ်လို့ပြောပြီး လက်မှတ်ထိုးခိုင်းနေပေမယ့် အိမ်မပြန်ရဲကြသေးတာကြောင့် လက်မှတ်ထိုးမဲ့သူ မရှိဘူးလို့လည်း သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။