myaelatt athan

Sharing Information to the Local

မတူပီမှာ စစ်ကောင်စီနဲ့ CDF တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီက ပြည်သူ ၇ ဦးကိုဖမ်းဆီးထား

0
0

မြေလတ်အသံ၊ ဇန်နဝါရီ ၇၊ ၂၀၂၂။

မတူပီမှာ ဇန်နဝါရီ ၆ ရက် မနေ့ကနေ့လည်ပိုင်းကစလို့ ဒီနေ့မနက်အထိ စစ်ကောင်စီနဲ့ CDF – Matupi တို့ တိုက်ပွဲပြင်းထန်လျှက်ရှိတယ်လို့ သိရပါတယ်။

ချင်းပြည်နယ်၊ မတူပီ-ဟားခါးလမ်းပေါ်ရှိ ကီလှူန်းရွာနဲ့ လုံလှော်ကြားမှာ ဖြစ်ပွားနေပြီး စစ်ကောင်စီက အပြစ်မဲ့ ၇ ဦးကို ဖမ်းဆီးထားတယ်လို့ CDF Matupi တာဝန်ခံက ပြောပါတယ်။

“မနေ့ကနေ့လည်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြည်လုံးရွာနဲ့ လုံမော်ကြားမှာ ခရီးသွားနေတဲ့ပြည်သူ ၇ ဦးကိုဖမ်းတယ်ဆိုတဲ့ သတင်းတော့ရရှိထားပါတယ်။ မနေ့ကစပြီး ဒီမနက်အချိန်ထိ တိုက်ပွဲတင်းမာတုန်းရှိ‌သေးတယ်” လို့ သူက ပြောပါတယ်။

လက်ရှိအချိန်မှာ တိုက်ပွဲပြင်းထန်နေတာကြောင့် နှစ်ဖက်အကျအဆုံးအရေအတွက်ကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့လည်း CDF Matupi တာဝန်ခံက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက် မနက် ၇ နာရီကလည်း မတူပီ – ဟားခါးလမ်းရှိတဲ့ ဖနိုင်နဲ့ ငလိုင်ရွာကြားမှာ စစ်ကောင်စီနဲ့ CDF Matupi တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အရာရှိတဦးအပါအဝင် ၃ ဦးသေဆုံးခဲ့တယ်လို့ CDF Matupi က သတင်းထုတ်ပြန်ထားပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။