ဖမ်းဆီးခံ ပြည်နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဌ မိသားစုနဲ့တွေ့ခွင့်မရသေး

0 1
0 1

မြေလတ်အသံ၊ ဇန်နဝါရီ ၇၊ ၂၀၂၂။

စစ်ကောင်စီ၏ဖမ်းဆီးခြင်းကိုခံလိုက်ရသည့် ပြည်နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဌကိုဇော်မင်းသူ မိသားစုနဲ့တွေ့ခွင့်မရသေး ကြောင်း ကျောင်းသားများထံကသိရသည်။

ကိုဇော်မင်းသူကို ဇန်နဝါရီလ ၅ ရက်နေ့ ည ၁၀ နာရီခွဲခန့်က အုတ်ဖိုရှိ နေအိမ်တွင် လာရောက်ဖမ်းဆီးသွားခြင်း ဖြစ်ပြီး သာယာဝတီအကျဉ်းထောင်သို့ ချက်ချင်းပို့ဆောင်လိုက်ကြကြောင်း သိရသည်။

“ဘာအကြောင်းကြောင့် လဲဆိုတာတော့ ခုထိမသိရသေးဘူး။ ကျနော်တို့လည်းစောင့်နေတာ သူ့သတင်းကို မိသားစုနဲ့လည်းအဆက်သွယ်မရဘူးဖြစ်နေတယ်။” ဟု ပြည်နည်းပညာတက္ကသိုလ် ကျောင်းသား တဦးကပြောသည်။

ကိုဇော်မင်းသူ မှာ လက်ရှိ ပြည်နည်းပညာတက္ကသိုလ်ကျောင်းသားထု၏ရွေးကောက်ခံ သမဂ္ဂဥက္ကဌ ဖြစ်သည်ဟု ဆိုသည်။

“အာဏာရှင်ကိုတော့ ရရာနည်းလမ်းနဲ့ဆက်လက်တော်လှန်နေမှာ ကျရာနေရာကနေ နိုင်ငံသားတယောက်တာဝန်ကျေပွန်စွာထမ်းဆောင်နေပါတယ်။ ပြည်သူလူထုကိုလည်းသွေးအေးမသွားဖို့ နှိုးဆော်ချင်ပါတယ်။” လို့ ပြည်နည်းပညာတက္ကသိုလ် ကျောင်းသား တဦးကပြောသည်။

စစ်ကောင်စီအနေဖြင့် တက္ကသိုလ်များကို ဖွင့်လှစ်ရန်ပြင်ဆင် နေပြီး တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုရန် ဖောင်တင်ရမည့်ရက်ကိုလည်း ထပ်မံတိုးမြှင့်ပေးထားသည်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။