ညောင်ခါးရှည်စစ်ဆေးရေးဂိတ် ရှော့တိုက်ဒုံးနဲ့ပစ်ခံရလို့ စစ်ဆေးမှုတင်းကျပ်နေပြီး ကားအစီးရေရာနဲ့ချီပိတ်ဆို့နေ

0 6
0 6

ညောင်ခါးရှည်၊ မတ် ၈၊ ၂၀၂၅။

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအနီး စစ်ကောင်စီ X-Rayစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ရှော့တိုက်ဒုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဝေါမြို့နယ်ပကဖထံက သိရပါတယ်။

ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်မှာရှိတဲ့ အဲ့ဒီစစ်ဆေးရေးဂိတ်ကို မတ် ၈ ရက် ဒီကနေ့ မနက် ၃ နာရီခန့်မှာ ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

” ဒေသခံတွေလှမ်းပြောတာကတော့ ဂိတ်နားဝန်းကျင်ကိုကျတယ်လို့တော့ သိရတယ်။ ထိခိုက်အခြေအနေကတော့ စုံစမ်းဆဲပါပဲ။ ရှော့တိုက်ဒုံးနဲ့ပစ်ခံရပြီးတော့ ဝေါမှာတော့လုံခြုံရေးတင်းကျပ်ထားတယ်”လို့ ဝေါမြို့နယ်ပကဖတာဝန်ခံက ပြောပါတယ်။

ညောင်ခါးရှည်စစ်ဆေးရေးဂိတ် ရှော့တိုက်ဒုံးနဲ့ပစ်ခတ်ခံရပြီးတဲ့နောက် အဆိုပါစစ်ဆေးရေးဂိတ်အပါ ဝေါမြို့အဝင်၊အထွက်နဲ့ သိမ်ဇရပ်ကနေ ဝေါဘက်ခြမ်းကူးတဲ့ဂိတ်တွေမှာ စစ်အင်အားတွေတိုးချထားပြီး အစစ်အဆေးတင်းကျပ်နေသလို စစ်ဆေးရေးဂိတ်မှာ ခရီးသွားကားတွေကို ယခင်ထက်စစ်ဆေးမှုတင်းကျပ်နေတာကြောင့် ကားအစီးရေရာနဲ့ချီ ပိတ်ဆို့နေတယ်လို့ သိရပါတယ်။

ညောင်ခါးရှည်စစ်ဆေးရေးဂိတ်ဟာ မွန်ပြည်နယ်နဲ့ပဲခူးတိုင်းအစပ်က အဓိကကျတဲ့စစ်ဆေးရေးဂိတ်ဖြစ်ကာ အဆိုပါစစ်ဆေးရာဂိတ်မှာ တော်လှန်ရေးအဖွဲ့တွေသယ်ဆောင်လာတဲ့လက်နက်ခဲယမ်းတွေ မကြာခဏဖမ်းဆီးခံနေရတာလည်း ဖြစ်ပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။