ဘူတာပိုင်မြေမှာ နေသူတွေမဖယ်ပေး‌ရင် အင်အားသုံးဖယ်ရှားမယ်လို့ စစ်‌ကောင်စီ စာထုတ်

0 2
0 2

ပဲခူး၊ ဒီဇင်ဘာ ၂၅၊ ၂၀၂၁။

ဘူတာပိုင်မြေတွေမှာ နေထိုင်သူတွေ ဒီဇင်ဘာလအကုန်အပြီးဖယ်ပေးရမှာဖြစ်ပြီး မဖယ်ပေးသူတွေကို စစ်ကောင်စီက အင်အားသုံးပြီး ဖယ်ရှားမယ်လို့ အကြောင်းကြားစာတွေ သက်ဆိုင်ရာမြို့တွေမှာ ထုတ်ပြန်ထားပါတယ်။

ပြည်၊ လက်ပံတန်း၊ ပေါင်းတည် မြို့တွေက ဘူတာ‌ပိုင်မြေတွေမှာ နေတဲ့ သူတွေကို အဲ့ဒီအကြောင်းကြားစာ ပို့ထားခဲ့ပြီး အဲဒီနို့တစ်စာ အပိုဒ်၂ မှာ ရေးသားထားတာကတော့ “အိမ်ဥပစာမှထွက်ခွာ၍မသွားလျင် သင်သည် အနိုင်ထက်ပြုမူမူဖြင့် အဲဒီအိမ်ကနေ ဖယ်ရှားခြင်းခံရလိမ့်မယ်”လို့ဖော်ပြထားတယ်လို့ဆိုပါတယ်။

“ဇီးဖြူကုန်းကိုပေးထားတဲ့စာကိုဖတ်ကြည့်တော့ ဒီဇင်ဘာ၃၁ရက်‌ နောက်ဆုံးထားပြီးဖယ်ရှားပေးရမယ်လို့အကြောင်းကြားစာထဲမှာပါတယ် ဖယ်မပေးရင်အတင်းဝင်ဖျက်မယ့်သဘောလည်းရေးထားတယ်”လို့ လက်ပံတန်းမြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ပေါင်းတည်မြို့ကနို့တစ်စာပို့ခံထားရတဲ့သူတွေဟာ ကျူးကျော်သူတွေမဟုတ်ပဲ မီးရထားဌာနကိုအခပေးနေထိုင်သူတွေဖြစ်တယ်လို့ သိရပါတယ်။

“ပေါင်းတည် ၃ လမ်းက စား‌သောက်ဆိုင်ခန်းတွေက ကျူးကျော်ဆိုင်တွေမဟုတ်ဘူး မီးရထားကိုအခပေးနေတာ အဲဒါကလည်း အရင်စစ်အာဏာရှင်ခေတ်က ဆောက်ပြီးငှားစားနေတာ ကျူးကျော်တာမဟုတ်ဘူး အခုတော့ညှိနိူင်းနေတယ်လို့ကြားတယ် “ လို့ မြို့ခံတဦး‌က ပြောပါတယ်။

ဟင်္သာတခရိုင်အတွင်းကဘူတာပိုင်မြေမှာ နေထိုင်သူ‌တွေကိုလည်း ဒီဇင်ဘာလအတွင်းအပြီးဖယ်ရှားပေးဖို့ စစ်ကောင်စီကအကြောင်းကြားထားတယ်လို့လည်း သိရပါတယ်။

မီးရထားနယ်မြေအတွင်း ဝင်ရောက်နေထိုင်သူအများစုဟာ မီးရထားဝန်ထမ်းတွေရဲ့သားစဥ်‌မြေးဆက်‌‌ နေထိုင်လာကြတဲ့မိသားစုဝင်‌တွေဖြစ်ပြီး ဖယ်ရှားခံရရင် အိုးအိမ်မဲ့သူတွေဖြစ်သွားနိုင်တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။