ရွှေဘိုနယ်မှာ မိုးစပါးအသစ်တင်းတရာကို ကျပ်ဆယ်သိန်းကျော်နဲ့‌‌ ဈေးဖွင့်

0 3
0 3

စစ်ကိုင်း၊ ဒီဇင်ဘာ ၂၄၊ ၂၀၂၁။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်နယ်မှာမိုးစပါးအသစ်တွေ စပြီး ရိတ်သိမ်းနေသလို ဘေးကြားစပါးတင်းတရာရဲ့လက်ရှိပေါက်ဈေးကလည်း ကျပ်ဆယ်သိန်းကျော်နဲ့အရောင်းအဝယ်ဖြစ်နေတယ်လို့ ဒေသခံလယ်သမားတဦးကပြောပါတယ်.။

ဘေးကြားစပါးမျိုးကိုအဓိကစိုက်ပျိုးကြပြီး ဈေးကောင်းလည်းရသလို အခြားမျိုးကွဲစပါးတွေလည်းစိုက်ပျိုးကြကြောင်း သိရပါတယ်။

“ကျွန်တော်တို့နယ်မှာအဓိကထား စိုက်ပျိုးတာက ဘေးကြားစပါးမျိုးပါ အခြားမျိုးကွဲတွေလည်းစိုက်ပျိုးကြပါတယ် အခုရိတ်သိမ်းနေကြပါပြီပျမ်းမျှ စပါးထွက်နူန်းကတဧကကို တင်း၆၀ ဝန်းကျင်ထွက်ပါတယ်။ အခုဝယ်နေတာကစပါးတတင်းကိုကျပ် ၁၀,၅၀၀နဲ့ ၁၀,၇၀၀ကျပ်ပေးဝယ်ကြတယ်။ စပါးကောင်းရင်ကောင်းသလိုပေးဝယ်ပါတယ်” လို့ဆိပ်ခွန်နယ်ကလယ်သမားတဦး ကပြောပါတယ်။

စပါးဈေးကျပ်ဆယ်သိန်းကျော်ပေမယ့် သွင်းအားစုစရိတ်ကြီးမြင့်သလို ဖျက်ပိုးကျရောက်မူလည်းရှိခဲ့လို့ အမြတ်ရရှိမူနည်းမယ်လို့သိရပါတယ်။

“အခုနှစ်ကပစ္စည်းဈေးတွေရော ဆီဈေးရော မနှစ်ကထက်ဝက်တက်တယ် တဧကခြွေလှေ့‌စက်ဈေးက အရင်နှစ်ကကျပ် ၅၅,၀၀၀ အခုနှစ်က ကျပ်၆၅,၀၀၀ ဈေးဆိုတော့ အရှုံးအမြတ်ပြောရမယ်ဆိုရင်အမြတ်တော့နည်းမယ်ပေါ့ ဒီကြားထဲ ဖလံဖြူ၊ ဖြုတ်ညို၊ ဆစ်ပိုးဆိုတဲ့ ဖျက်ပိုးကျရောက်တာကလည်း ရှိသေးတယ်”လို့သူကဆက်ပြောပါတယ်။

ဆိပ်ခွန်နယ်မှာမိုးစပါးကို ဩဂတ်စ်လထဲမှာစတင်ပြီးစက်တင်ဘာလအတွင်းမှာအပြီးစိုက်ပျိုးလေ့ရှိပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအားကောင်းတဲ့ ဒေသဖြစ်ကြောင်းလည်း သိရပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။