myaelatt athan

Sharing Information to the Local

ပဲခူးတိုင်းကသတင်းထောက်တဦး ထောင် ၃ နှစ်ချမှတ်ခံရပြီး နောက်တိုးအမှုတခုနဲ့ ထပ်မံတရားစွဲထား

0
0

ပဲခူး၊ ဒီဇင်ဘာ ၁၈၊ ၂၀၂၁။

ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်က သတင်းထောက် တဦးဖြစ်တဲ့ ကိုငြိမ်းချမ်းဝေကို စစ်ကောင်စီက ဒီဇင်ဘာ ၁၆ ရက်နေ့က သာယာဝတီထောင်ရုံး ချိန်းမှာ ပုဒ်မ ၅၀၅(က)အမှုအတွက် ထောင်ဒဏ် ၃ နှစ်အမိန့်ချလိုက်ကြောင်း သိရပါတယ်။

ကိုငြိမ်းချမ်းဝေကို နောက်တိုးအမှုတခုအနေနဲ့ ပုဒ်မ ၁၂၃ (ဂ)နဲ့ ပါ စစ်ကောင်စီက အမှုဖွင့်ထပ်ဖွင့်ထားပြီး၊ သူကိုဖမ်းဆီးချိန်မှာ လက်ပံတန်းမြို့နယ်၊ ခမုံဆိပ်ကျေးရွာက သူတိမ်းရှောင်နေတဲ့နေရာမှာ ဖမ်းဆီးခဲ့ခြင်းဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက်စစ်ကောင်စီက ပုဒ်မ ၅၀၅(က)ဖွင့်ထောင်ချခံရတဲ့ သတင်းသမားတွေကိုပြန်လွှတ်ပေးခဲ့ပေမယ့် ပုဒ်မ၅၀၅ (က)နဲ့ အမှုရင်ဆိုင်နေရတဲ့ ကိုငြိမ်းချမ်းဝေကတော့ ထောင် ၃ နှစ် အမိန့်ချခံလိုက်ရကြောင်း သိရပါတယ်။

ကိုငြိမ်းချမ်းဝေကို မတ်လ ၁၉ ရက်နေ့မှာ ပုဒ်မ၅၀၅ (က)နဲ့စစ်ကောင်စီက ဖမ်းဆီးအမှုဖွင့်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ၎င်းပုဒ်မအတွက် ရက်ပေါင်း ၂၇၃ ရက်ကြာ တရားရင်ဆိုင်အပြီးမှာ ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်တာဖြစ်ပါတယ်။

ကိုငြိမ်းချမ်းဝေမှာ ပဲခူးမြို့အခြေစိုက် Bago Weekly Journal မှာ နယ်မြေခံသတင်းထောက်အနေနဲ့ သတင်းတွေရေးသားပြီး သူရဲ့ ဂျာနယ်တိုက်ကို မတ်လထဲမှာ စစ်ကောင်စီက ဝင်ရောက်ဖျက်ဆီးခဲ့ကာ၊ သတင်းဌာနရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာကိုပါ နည်းပညာအရ ပိတ်ခံထားရတဲ့ သတင်းဌာနတခုဖြစ်ကြောင်း သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။