myaelatt athan

Sharing Information to the Local

နတ်တလင်းမြို့က တိတ်ဆိတ်ခြင်းသပိတ်ကိုဒရုန်းဖြင့်မှတ်တမ်းတင်သူဖမ်းဆီးပစ်ခတ်ခံရ

0
0

ပဲခူး၊ ဒီဇင်ဘာ ၁၁၊ ၂၀၂၁။

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့က လူငယ်တဦးကို မနေ့ညကဖမ်းဆီးကာ သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

မြို့မရပ်ကွက်က ကိုဖိုးစိုင်းဆိုတဲ့ လူငယ်တဦးဖြစ်ပြီး၊ မနေ့က နတ်တလင်းမြို့မှာ ပြုလုပ်တဲ့ အသံတိတ်သပိတ်လူပ်ရှားမှုမှတ်တမ်းဓါတ်ပုံကို ဒရုန်း နဲ့ရိုက်ခဲ့တာကြောင့် ဖမ်းဆီးခံရတာဖြစ်နိုင်ကြောင်း မြို့ခံတွေက သုံးသပ်ပြောဆိုကြပါတယ်။

နတ်တလင်းမြို့မှာ မနေ့က ညဦးပိုင်းကတည်းက သေနတ်ဖောက်သံတွေ ဆူညံနေခဲ့ပြီး ၉ နာရီလောက်မှာ ဖမ်းဆီးကာ ရဲစခန်းအရောက်မှာ သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

“ည ၉ နာရီလောက်မှာ မြို့ထဲကသေနတ်သံတွေကြားရပြီး ည ၁၀ နာရီခွဲလောက်မှာ ရဲစခန်းထဲက သေနတ်ဖောက်သံတချက်ကြားလိုက်တယ်။ စုံစမ်းကြည့်တော့မှ မြို့မရပ်ကွက်၊ ဗိုလ်ချုပ်လမ်းက ဖိုးစိုင်းကို ဖမ်းတာလို့သိရတာ စစ်ဆေးနေတုန်း သေနတ်နဲ့ ပစ်တာတဲ့ သူရဲ့ပေါင်ကိုမှန်သွားတယ် လည်းကြားတယ်။ မနေ့က သူကဒရုန်းနဲ့ လျှောက်နေတာလေ ဒလန်တွေပဲသတင်းပေးတာ နေမှာပေါ့” လို့ သူနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

သေနတ်ဒဏ်ရာကို ကုသရန်အတွက် စစ်ကောင်စီက သူ့ကို ပြည်ဆေးရုံကို ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။