ဆင်ဖြူကျွန်းမှာ စစ်တပ်ကအင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးမီးရှို့နေလို့ ဒေသခံ ၁၀,၀၀၀ ကျော် ထွက်ပြေးနေရ

0 3
0 3

ဆင်ဖြူကျွန်း၊ မတ် ၁၂၊ ၂၀၂၅။

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမီးရှို့နေလို့ ကျေးရွာ ၂၀ နီးပါးက လူ ၁၀,၀၀၀ ကျော် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မတ် ၁၁ ရက် မနေ့ မနက် ၈ နာရီလောက်ကစတင်ကာ စစ်ကောင်စီတပ်အင်အား ၃၀၀ ခန့်ပါ စစ်ကြောင်းက ဆင်ဖြူကျွန်းမြို့၊ ကျပင်းရွာကို စတင်စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီး နေအိမ် ၃ လုံးကို မီးရှို့ခဲ့တာလို့ ဆိုပါတယ်။

“ကျပင်းရွာကတ္တရာလမ်းရဲ့ အနောက်က နေအိမ်တွေကိုမီးရှို့တာပါ။ တခြားဆုံးရှူံးမှုတွေကတော့ ဘာမှမရှိသေးဘူး။ လတ်တလောအနေနဲ့ တောတိုက်တွေထဲမှာ ရှောင်နေကြရတယ်။ ကျပင်းရွာက အုပ်ကြီး(အုပ်ချုပ်ရေးမှူး)ကလည်း ရှောင်နေရတယ်။ သူ့အနားလည်း ပြည်သူ ၈၀ လောက်ရှိတယ်။ နောက်ထပ် ၃/၄ ရက်လောက်ဆိုရင်တော့ ရိက္ခာကမလောက်နိုင်တော့ဘူး။” လို့ ဆင်ဖြူကျွန်းမြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

စစ်ကြောင်းထိုးလာတာကြောင့် ကျပင်းတောင်ရွာနဲ့မြောက်ရွာအပါ အနီးတဝိုက်ရွာတွေဖြစ်တဲ့ ချောင်းဖြူ အမှု့အနောက်၊ တောင်ပို၊ သပြေပင်ရွာသစ်၊ ကျောင်းကုန်း၊ မြို့သစ်၊ ကုက္ကိုကျင်း၊ ကုက္ကိုတန်း၊ နေပူကန်၊ ကုန်းကြား၊ ဇီးဖြူပင်၊ သန်းကုန်း၊ ကိုးလံ စတဲ့ကျေးရွာတွေအပါ ကျေးရွာ ၁၇ ရွာက ဒေသခံ ၁၀,၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို အရေးပေါ်စစ်ရှောင်နေကြရတယ်လို့ ဆိုပါတယ်။

အဆိုပါ အင်အား ၃၀၀ ခန့်ပါ စစ်ကြောင်းဟာ ပခုက္ကူ တပ်မ ၁၀၁ နဲ့ လက်အောက်ခံ စလင်း ခလရ ၂၅၃၊ ခလရ ၂၅၄၊ ခလရ ၂၅၅ ပူးပေါင်းတပ်ဖွဲ့တွေဖြစ်ပြီး လက်ရှိမှာ ကျပင်းရွာအတွင်း ယာယီအထိုင်ချတပ်စွဲထားတယ်လို့ သိရပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။