myaelatt athan

Sharing Information to the Local

NUG အစိုးရ၏အလံတင်အခမ်းအနား မင်းကင်းပြည့်သူ့ကာကွယ်ရေးတပ်ရင်း ၂ တွင်ပြုလုပ်

0
0

မြေလတ်အသံ၊ ဒီဇင်ဘာ ၇၊ ၂၀၂၁။

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေး၀န်ကြီးဌာန၏ အလံတင်အခမ်းနားကို Min Kin People Defence Force မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် MKPDF တပ်ရင်း၂ တပ်ခွဲ ၃ တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း MKPDF တပ်ရင်း ၂ တာဝန်ခံက မြေလတ်အသံသို့ပြောပါတယ်။

“လက်ရှိကတော့ အလံတင်အခမ်းအနားလုပ်တာကတော့ ကျနော်တို့မင်းကင်းပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း ၂ တစ်ခုတည်းပါပဲခင်မျ၊ အဓိကကတော့ ကျနော်တို့က ကာကွယ်ရေးဝန်ကြီးဌာနရဲ့လမ်းညွှန် ညွှန်ကြားမှုနဲ့ဖွဲ့စည်းထားတဲ့တပ်ရင်းတစ်ခုဖြစ်တဲ့အတွက် ဝန်ကြီးဌာနကချမှတ်ထားတဲ့ လမ်းညွှန်ချက်စည်းကမ်းချက်တွေကို ရှေ့တန်းသွားတဲ့အခါမှာ ပြည်သူလူထုကို စောင့်ရှောက်ရမှာတွေ အသေးအဖွဲကိစ္စက ဂရုစိုက်ရမဲ့အချက်အလက်တွေ ဒါမျိုးအသေးအဖွဲ့ကိစ္စကအစ တပ်ရင်းမှူးကိုယ်တိုင်ကမှာထားတာတွေရှိပါတယ်ခင်ဗျ။” ဟု ၎င်းကဆက်လက်ပြောပါတယ်

ယင်းအခမ်းအနားကို ဒီဇင်ဘာလ ၇ ရက်နေ့ နံနက် ၇ နာရီက ပြုလုပ်ခဲ့ပြီ PDF အဓိဌာန် ၄ ချက် ရှိကြောင်းသိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။