myaelatt athan

Sharing Information to the Local

ကြည့်မြင်တိုင်ဖြစ်စဥ် ယုတ်မာမှုမျိုးစကားလုံးရှာပြောဖို့အတော်ခက်ခဲ၊ အပြင်းအထန်ရှုံ့ချကြောင်း DPNS ပါတီဥက္ကဌပြော

0
0

မြေလတ်အသံ၊ ဒီဇင်ဘာ ၆၊ ၂၀၂၁။

မနေ့ကဖြစ်ပွားခဲ့တဲ့ ကြည့်မြင်တိုင်ဖြစ်စဥ်က ယုတ်မာမှုမျိုးကို လတ်တလောစကားလုံးရှာပြောဖို့ အတော်ခက်ခဲပြီး ယင်းဖြစ်ရပ်အတွက် စစ်ကောင်စီကို အပြင်းအထန်ရှုံ့ချကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS) ဥက္ကဌဦးအောင်မိုးဇော်က မြေလတ်အသံသတင်းဌာနကို ဒီဇင်ဘာ ၆ ရက်နေ့ မနက်က ပြောဆိုပါတယ်။

“မနေ့ကတွေ့ရတာတော့ အတော်ကိုပဲ ကျတော့်အနေနဲ့ စိတ်မသက်မသာဖြစ်ရတယ်။ တကယ်တမ်း ပြောရမယ်ဆိုရင် ဝမ်းနည်းပက်လက်ပေါ့ဗျာ။ ဒီကလေးတွေကို ရက်ရက်စက်စက် ကားနဲ့တိုက်တယ် အသေဖမ်းသလိုတောင်ဖြစ်တယ်။ အဲဒီလိုကိစ္စမျိုးက ဘယ်လိုမှစဥ်းစားလို့မရဘူး ဒီလိုလုပ်တဲ့ကိစ္စ ကျတော်အနေနဲ့အတော်လေးကို ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ စစ်အုပ်စုကို အပြင်းအထန်ရှုံ့ချတယ်။ ဒီလုပ်ရပ်အတွက် ဒီလိုယုတ်မာမှုမျိုးကို စကားလုံးရှာတာတောင် အတော်ခက်တယ်။” ဟု ဦးအောင်မိုးဇော်က ဆိုပါတယ်။

အလားတူ မုံရွာမြို့သပိတ်ခေါင်းဆောင် ကို‌ဝေမိုးနိုင် ကိုလည်း ကားဖြင့်တိုက်ဖမ်းဆီးခဲ့ပြီး မန္တလေးမြို့နှင့် အ‌ခြားနေရာများတွင်လည်း ကားဖြင့်တိုက်ဖမ်းဆီးခဲ့မှုများကြောင့် လူသေဆုံးခဲ့ရသည့် ဖြစ်စဥ်များရှိခဲ့ ကြောင်းဆိုပါတယ်။

‌”နောက်နှစ်အချက်ကျတော်ပြောချင်တာက ဒီလိုစစ်တပ် ဒီလိုလက်နက်ကိုင်မျိုး က တပ်မတော်လို့ ခေါ်ထိုက်တဲ့အဖွဲ့အစည်း မဟုတ်ဘူးလို့ ယူဆတယ် ဒါကြောင့် တတိုင်းပြည်လုံးက ပြည်သူတွေ တတိုင်းပြည်လုံးက လူငယ်တွေက ဒီလိုစစ်တပ်မျိုးကိုမလိုချင်တော့ဘူး ငါတို့ ပြည်သူတွေတပ်မတော် ဖက်ဒရယ်တပ်မတော်အသစ်ကို တည်ထောင်မယ်။ ဖက်ဒရယ်တပ်မတော်အသစ်ကို ပြန်တည်ထောင်မယ်လို့ ယနေ့ပြည်သူတွေက တောင်းဆိုနေတာ ဖြစ်တယ်။ ကြွေးကြော်နေတာဖြစ်တယ်ကျတော်အနေနဲ့ အဲ့လိုမြင်ပါတယ်။ အရင်ကလည်းဒါမျိုးဖြစ်ရပ်တွေဖြစ်ခဲ့တယ်။ မနေ့ကတော့အတော်လေး ရုပ်ပျက်ဆင်းပျက်ပါပဲဗျာ။” ဟု ၎င်းကဆက်လက်ပြောပါတယ်။

ယင်းဖြစ်ရပ်နဲ့ပတ်သက်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေဖြင့် ထုတ်ပြန်ကြေညာချက် ထုတ်ပြန်သွားဖို့လည်းရှိနေပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။