myaelatt athan

Sharing Information to the Local

ငလျင်သင့် CDM မိသားစုနဲ့ စစ်ဘေးရှောင်တွေကို ကျပ်သိန်း ၁ ထောင်ကျော်ထောက်ပံ့

0
0

စစ်ကိုင်း၊ မေ ၂၄၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်နဲ့ ချောင်းဦးမြို့ထဲက ငလျင်ဘေးသင့် CDM မိသားစုနဲ့ စစ်ဘေးရှောင်တွေကို ငွေထောက်ပံ့ပေးခဲ့တယ်လို့ S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ဆီက သိရပါတယ်။

မေ ၂၂ ရက်နဲ့ ၂၃ ရက်တို့မှာ စစ်ကိုင်းမြို့နယ်ရှိ ကျေးရွာ ၅ ရွာက ငလျင်ဘေးသင့် CDM အိမ်ထောင်စု ၁၇၄ စုအတွက်၊ မေ ၂၄ ရက်မှာ ချောင်းဦးမြို့နယ်ရှိ ကျေးရွာ ၂ ရွာက စစ်ဘေးရှောင်အိမ်ထောင်စု ၈၀ တို့အတွက် ၁ အိမ်ထောင်ကို ကျပ် ၄ သိန်းကျော် (၄၂၅,၀၀၀) နှုန်းထောက်ပံ့ခဲ့တာလို့ S&C မှ တာဝန်ရှိသူ ကိုစိုးမိုးအောင်က ပြောပါတယ်။

ချောင်းဦးမြို့နယ်က စစ်ဘေးရှောင်တွေဟာ ကန်ဇီးကျေးရွာနဲ့ တလိုင်းကျေးရွာတို့ကဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ပျူစောထီးတွေအထိုင်ချတပ်စွဲတာ၊ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေကြောင့် ရွာက တိမ်းရှောင်နေကြရတာဖြစ်ပြီး လက်ရှိမှာ ချောင်းဦးမြို့နယ်အတွင်း ရေရှည်စစ်ရှောင် အိမ်ထောင်စု ၁,၀၀၀ ကျော်ရှိတယ်လို့လည်း သိရပါတယ်။

သတင်း – ဟယ်သာ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။