နတ်မောက်မြို့နယ်အတွင်း မိုးခေါင်လို့ နှမ်းခင်းတွေပျက်စီး

0 2
0 2

ပဲခူး၊ ဇူလိုင် ၁၁၊ ၂၀၂၄။

မိုးခေါင်နေတာကြောင့် မကွေးတိုင်း၊ နတ်မောက်မြို့နယ်ထဲက ကျေးရွာတွေမှာ မိုးနှမ်းစိုက်ခင်းတွေ ပျက်စီးမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

နတ်မောက်မြို့နယ်အတွင်းရှိ ညောင်ကျပ်ပင်၊ တမလန်းပင်၊ ပိတောက်ငုတ်၊ ကြာကန်၊ ကြူချောင်း စတဲ့ကျေးရွာတွေမှာ မိုးခေါင်နေတာကြောင့် မိုးနှမ်းစိုက်ခင်းတွေ ပျက်စီးနေတယ်လို့ နှမ်းစိုက်တောင်သူတွေက ပြောပါတယ်။

“မကွေးအရှေ့ဘက်ခြမ်းက အကုန်နီးပါးပဲ။ ခန့်မှန်ဧက သောင်းကျော်မယ်။ ပထမပိုင်းတော့ မိုးကရွာတယ်လေ။ နှမ်းတွေ အပွင့်ကပ်၊ အပင်လုပ်မဲ့အချိန်ရောက်မှ မိုးက ပြတ်တာ၊ လေမိုးခေါင်တာပေါ့။ အခုတော့ နှမ်းစိုက်တောင်သူတွေ အကုန်အခက်အခဲတွေ့ကုန်ပြီပေါ့။” လို့ နတ်မောက်ဒေသခံ နှမ်းစိုက်တောင်သူတဦးက ပြောပါတယ်။

မိုးရေမရတာကြောင့် နှမ်းပင်တွေဟာ ရေငတ်ပြီး တဖြည်းဖြည်းသေကုန်တယ်လို့ ဆိုပါတယ်။ ငွေကြေးတတ်နိုင်သူတွေကတော့ လုပ်သားငှားပြီး ဆေးဖြန်းပုံးတွေနဲ့ ရေဖြန်းတာတွေ လုပ်ဆောင်ကြတယ်ဆိုပါတယ်။

နှမ်းတဧကစိုက်ပျိုးစရိတ်ဟာ မြေဩဇာ၊ လုပ်သားခအပါအဝင် ကျပ် ၆ သိန်းမှ ၇ သိန်းအထက်မှာရှိတယ်လို့ နှမ်းစိုက်တောင်သူတဦးက ပြောပါတယ်။

နတ်မောက်မြို့နယ်ထဲက တောင်သူအများစုဟာ နှမ်း၊ မြေပဲကို အဓိက စိုက်ပျိုးပြီ သီးညှပ်အဖြစ် ပဲစဉ်းငုံကိုလည်း စိုက်ပျိုးလုပ်ကိုင်လေ့ရှိကြပါတယ်။

နှမ်းတွေကို အခုလိုမိုးရာသီနဲ့ ဆောင်းကာလတွေမှာ မကွေး၊ စစ်ကိုင်း၊ ပဲခူးနဲ့ ဧရာတီမြောက်ပိုင်းဒေသတွေမှာ အများဆုံးစိုက်ပျိုးကြပြီး ဆီအဖြစ်ထုတ်လုပ်တာ၊ နှမ်းကြော်အဖြစ် ထုတ်လုပ်တာအပြင် သွားရည်စာမျိုးစုံအတွက်လည်း ထုတ်လုပ်ကြပါတယ်။

နှမ်းစေ့ကို ပြည်တွင်းစျေးကွက်တွေအပြင် နိုင်ငံခြားကိုလည်းတင်ပို့ရောင်းချကြပြီး ၂၀၂၄ ခုနှစ်အတွင်း နှမ်းအမျိုးအစားပေါ်မူတည်ပြီး နှမ်းတတင်းကို ၉၀,၀၀၀ ကျပ်နဲ့ ၁၅၀,၀၀၀ ကျပ်ကြား အရောင်းအဝယ်ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။

စာတည်း – လင်းဇေ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။