myaelatt athan

Sharing Information to the Local

ပေါက်ခေါင်း ကြို့ပင်ဝိုင်းအုပ်စုရဲ့ ၃ ဆက်မြောက်အုပ်ချုပ်ရေးမှူး ထပ်မံအသတ်ခံရ

ပဲခူး၊ ဇူလိုင် ၁၂၊ ၂၀၂၄။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါက်ခေါင်းမြို့နယ်၊ ကြို့ပင်ဝိုင်းအုပ်စု အုပ်ချုပ်ရေးမှူး ၂ ဦး အသတ်ခံရပြီးနောက် ထပ်မံတာဝန်ယူခဲ့သူ အုပ်ချုပ်ရေးမှူးကို ဇူလိုင် ၁၀ ရက် မနက်ပိုင်းမှာ သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၃၆၀၁ PPDF တပ်ရင်းဆီက သိရပါတယ်။

ဇူလိုင် ၁၀ ရက် မနက် ၉ နာရီခွဲလောက်မှာ ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDf တပ်ရင်း၊ တပ်ခွဲ ၁ နဲ့ တပ်ရင်း ၄ ရဲဘော်တွေက အုပ်ချုပ်ရေးမှူး အသက် ၅၀ အရွယ် ဦးဝင်နိုင်ကို သူနေထိုင်တဲ့ ရွှေကူရွာအနီးမှာ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“သူ(ကိုဝင်းနိုင်)တို့အဖွဲ့က (အပေါင်းအသင်း) ၆ ဦးရှိတယ်။ ခု ၃ ဦးသေပြီ။ သူတို့အားလုံးက သတင်းပေး ဒလန်တွေ လုပ်နေတာ။ ခုလည်း (သူတို့က)အုပ်ကြီးတဦးသေရင် တဦးတက်ပြီးလုပ်နေတာ။ ခုသေတဲ့ ဝင်းနိုင်ကလည်း ဘယ်သူ့ဂရုစိုက်ရမလဲဆိုပြီး အုပ်ချုပ်ရေးမှူးလုပ်လာလို့ ရှင်းခဲ့တာ။” လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ၃၆၀၁ PPDF တပ်ရင်း ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၃၁ ရက်နဲ့ ဇွန် ၁၃ ရက်ကလည်း လက်ရှိ ဦးဝင်းနိုင်တာဝန်ယူထားတဲ့နေရာမှာ လုပ်ဆောင်ခဲ့တဲ့ အုပ်ချုပ်ရေးမှူး ကိုညွန့်စိန်နဲ့ ကိုပွားသီးတို့ကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်တွေကပဲ ပစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်။

ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ၃ ဦး ရက်ခြားပြီး အသတ်ခံရတာကြောင့် ဇူလိုင် ၁၁ ရက် ဒီမနက်မှာတော့ ပေါက်ခေါင်းမြို့နယ်၊ ငါးဘတ်ကုန်း၊ ချင်းလည်ရွာတွေဘက်မှာ စစ်အုပ်စုဝင်တွေက ခရီးသွား ပြည်သူတွေကို စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၅ ရက်ကလည်း ပေါက်ခေါင်းမြို့နယ်၊ တောင်လယ်ရွာက စစ်ကောင်စီသတင်းပေးလို့ သတင်းထွက်နေသူ ကိုဗိုလ်ဝင်းကိုလည်း သူရဲ့နေအိမ်မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။