myaelatt athan

Sharing Information to the Local

ငလျင်ထိထားတဲ့ ၂ ထပ်ခွဲလူနေအိမ်တိုက်တလုံး လေပြင်းတိုက်မိုးကြီးချိန် ပြိုကျ

0
0

မြေလတ်အသံ၊ မေ ၂၁၊ ၂၀၂၅။

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်မှာ ငလျင်ဒဏ်ထိထားတဲ့ ၂ ထပ်ခွဲ လူနေအိမ်တိုက်အဆောက်အဦ ၁ လုံး လေပြင်းတိုက်မိုးကြီးချိန်ပြိုကျခဲ့တယ်လို့ ဒေသလူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

မဟာအောင်မြေမြို့နယ်၊ ၈၉ လမ်း၊ ၃၆ လမ်းနဲ့ ၃၇ လမ်းကြားရှိ ငလျင်ထိထားတဲ့ ၂ ထပ်ခွဲတိုက် ၁ လုံးဟာ မေ ၂၁ ရက် ဒီကနေ့မနက် ၂ နာရီမှာ နေအိမ်အောက်ထပ်က စတင်ပြိုကျခဲ့တာလို့ ဆိုပါတယ်။

“အောက်ခြေတိုင်တွေက ကျိုးထားတာ။ မိုးနဲ့ထပ်စောင်းပြီး အောက်ထပ်က ပြိုလာတာ။ ဘေးအိမ်တွေ ဘက်ယိုင်လာတော့ အကုန်ညက ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ရှောင်အိပ်ရတာ။ မိုးရော၊ လေရော တော်တော်ပြင်းတာ” လို့ အခင်းဖြစ် ရပ်ကွက်နေပြည်သူတဦးက မြေလတ်အသံကို ပြောပါတယ်။

တိုက်ပြိုကျတာကြောင့် အဆိုပါတိုက်နဲ့အနီးဝန်းကျင်ရှိ နေအိမ် အိမ်ထောင်စု ၆ စုကို ပဲပုတ္တန်း ‌ဓမ္မာရုံ အတွင်း မိုးလေထဲမှာပဲ ညတွင်းချင်းယာယီပြောင်းရွှေ့ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

ပြိုကျခဲ့တဲ့နေအိမ်အဆောက်အဦမှာ ငလျင်ကြီးဒဏ်ကြောင့် နေအိမ်တိုင်တွေကျိုးကျတာအပါအဝင် ပျက်စီးမှုများပြားပြီး လူဆက်လက်နေထိုင်နိုင်ခြင်းမရှိတာကြောင့် အိမ်ရှင်တွေကပစ္စည်းတွေယူဆောင်ကာ ပြောင်းရွှေ့နေထိုင်နေကြပြီး ရပ်ကွက်နေပြည်သူတွေက အဆိုပါနေအိမ်ကိုဖြိုချပေးဖို့ ပြောဆိုကြပေမယ့် လက်ရှိအထိ ဖြိုချတာမျိုးမရှိသေးဘူးလို့ သိရပါတယ်။

မတ် ၂၈ ရက်က စစ်ကိုင်းမြို့အနီးကို ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြီးနဲ့ နောက်ဆက်တွဲ ငလျင်ငယ်တွေကြောင့် မန္တလေးမြို့ အထပ်မြင့်အဆောက်အဦတွေအပါအဝင် လူနေအဆောက်အဦအများအပြား ပြိုကျပျက်စီးခဲ့ပြီး လူထောင်နဲ့ချီသေဆုံးခဲ့တာပါ။

မေ ၁၇ ရက် ညပိုင်းကလှုပ်ခတ်ခဲ့တဲ့ နောက်ဆက်တွဲ ငလျင်ကြောင့်လည်း ငလျင်ကယ်ဆယ်ရေးစခန်းတခုမှာ သစ်ပင်ကျိုးကျပြီး ပြည်သူ ၂ ဦး သေဆုံးခဲ့သ လို နေအိမ်တချို့ပျက်စီးခဲ့ပါ သေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။